အင်ဒိုနီးရှားက (၂၀၃၀)တွင် လျှပ်စစ်ကားနှင့် လျှပ်စစ်ဆိုင်ကယ်အစီးရေ သန်းနှင့်ချီ ထုတ် လုပ်ရန်စီစဉ်နေ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
အင်ဒိုနီးရှားနိုင်ငံသည် (၂၀၃၀)ပြည့်နှစ်အတွင်း လျှပ်စစ်ကား EV အစီးရေ (၂)သန်းကျော်နှင့် လျှပ်စစ်ဆိုင်ကယ်အစီးရေ (၁၃)သန်းကျော် ထုတ် လုပ်ရန် ပစ်မှတ်ထားနေကြောင်းသိရသည်။ တရုတ် ကားထုတ်လုပ်ရေးကုမ္ပဏီများသည် အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် အဓိကထားရင်းနှီးမြှုပ်နှံနေပြီး အာဆီယံဒေသအ တွင်းနိုင်ငံများတွင် " Made in China "အမှတ်တံဆိပ်ပါ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို အသုံး ပြုလျက်ရှိနေကြောင်း သိရသည်။
တရုတ်အစိုးရသည် အင်ဒိုနိးရှားနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုး တက်စေရန် ကူညီပေးမည်ဟု ကတိပြုထားပြီး ရင်း နှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်း သိရသည်။ တရုတ်အစိုးရသည် အင်ဒိုနီးရှားအစိုးရ၏ နိုင်ငံအတွင်း လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် နှစ်နိုင်ငံကြားသံတမန် ဆက်ဆံရေးလမ်းကြောင်းမှတစ်ဆင့် ဆွေးနွေးကတိပြုခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကား ထုတ် လုပ်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ လျှပ်စစ် ကားထုတ်လုပ်ရေးလုပ်ငန်းများ အဓိကစိုမိုးထား ကြောင်းသိရသည်။ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော BYD သည် အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ် ငန်းတွင် အမေရိကန်ဒေါ်လာ (၁)ဒသမ (၃)ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီး လျှပ်စစ်ကားထုတ်လုပ် ရေးစက်ရုံများကို (၂၀၂၆)ခုနှစ် ဇန်နဝါရီလ အတွင်း စတင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ အဆိုပါ BYD ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု များက နိုင်ငံ၏ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများအပြင် အလုပ်ကိုင်အခွင့်လမ်းကောင်းများရရှိစေရန် အ ထောက်ကူဖြစ်စေမည်ဟု သိရသည်။
အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးဖြစ်သော ဂူနာဝမ်က "ကျွန်တော်ရဲ့သားဖြစ်သူဟာ လျှပ်စစ် ကားမောင်းနှင်ရတာကို ပိုမိုနှစ်သက်လာတယ်။ လျှပ် စစ်ကားမောင်းနှင်ရတာလွယ်ကူတယ်။ ကျွန်တော့် ရဲ့သားဖြစ်သူဆိုရင် လျှပ်စစ်ကားကို ခြောက်လတစ် ကြိမ် ဝန်ဆောင်မှုပို့တယ်။ စစ်ဆေးတယ်။ လျှပ်စစ် ကားအတွက် ဝန်ဆောင်မှုဟာ သမားရိုးကျကားတွေ ထက်လည်း သက်သာတယ်" ဟုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လမ်းကြောင်းမှားယွင်းမောင်းနှင်တဲ့အတွက် မလေးရှားရေတပ်သင်္ဘောတစ်စီး နစ်မြုပ်
RELATED POSTS
30 Oct 2024 | စီးပွားရေး,ပြည်တွင်း
29 Oct 2024 | စီးပွားရေး,နိုင်ငံတကာ
28 Oct 2024 | စီးပွားရေး,ပြည်တွင်း
25 Oct 2024 | စီးပွားရေး,ပြည်တွင်း