Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ရဲ့ မဲဆွယ်ပေးမှုကြောင့် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် တစ်ကျော့ပြန် မြင်တွေ့ရဖွယ်ရှိနေသလား..??

ဂျန်ဇက်  (NSS) - အောက်တိုဘာ ၂၉

တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့် ကြည့်နေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ  နိုဝင်ဘာလ (၅)ရက်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတ လောင်းအဖြစ် သမ္မတဟောင်းဖြစ်သူ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတ ကာမာလာဟားရစ်တို့က အကြိတ်အနယ် ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ နီးလာနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ကို အားပေးထောက် ခံသူတွေနဲ့ ကာမာလာဟားရစ်ကို အားပေးထောက်ခံ သူတွေကြား အပြိုင်အဆိုင်မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေပါတယ်။ ဒီရွေးကောက်ပွဲနဲ့ပတ်သက် ပြီး အမေရိကန်နိုင်ငံအတွင်း လူသိများထင်ရှားကျော် ကြားသူတွေဟာ မိမိအားပေးရာ သမ္မတလောင်း အနိုင်ရအောင် မဲဆွယ်စည်းရုံးပေးနေတယ်လို့ သိရပါ တယ်။ အဲဒီလို မဲဆွယ်စည်းရုံးပေးနေတဲ့သူတွေထဲ မှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်နဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်တို့လည်း ပါဝင်နေပါတယ်။

အီလွန်မတ်စ်ဟာ ဒေါ်နယ်ထရမ့်ကို အနိုင် ရအောင် အားပေးထောက်ခံထားပြီး မဲဆွယ် စည်းရုံး ပေးနေသလို တေလာဆွစ်ဖ်ကလည်း အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်အနိုင်ရအောင် မဲဆွယ်စည်းရုံးပေးနေတယ်လို့ သိရပါတယ်။ 

အသက် (၅၃)နှစ်အရွယ်ရှိ အီလွန်မတ်စ် ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ငွေကြေးချမ်းသာသူတစ်ဦးဖြစ်ရာ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရအောင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကူညီပေးနေပါတယ်။ ကမ္ဘာကျော် ကုမ္ပဏီတွေဖြစ်တဲ့Teslaနဲ့ Space X တို့ပိုင်ရှင်ဖြစ်သူ အီလွန်မတ်စ်ဟာ ဒေါ်နယ်ထရမ့် အနိုင်ရအောင် ၎င်းပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် လူမူကွန်ရက်တစ်ခု ဖြစ်တဲ့ တွစ်တာ သို့မဟုတ် X က တစ်ဆင့် မဲဆွယ်ပေး နေသလို မဲဆွယ်စည်းရုံးပွဲတွေမှာ စင်ပေါ်တက် ကိုယ် တိုင်မိန့်ခွန်းပြောဆိုတာတွေလည်း လုပ်ဆောင်လာ ခဲ့ပါတယ်။

ဒါ့ပြင် အီလွန်မတ်စ်ဟာ Swing State  မဲဆန္ဒရှင်တွေကို ဒေါ်လာသန်းချီပေးမယ့်အစီအစဉ် ကိုလည်း လုပ်ဆောင်ထားရာ လူအများ စိတ်ဝင်စားမှု မြင့်တက်နေတယ်လို့သိရပါတယ်။ နေ့စဉ် ဒေါ်လာ (၁)သန်း စံပြနိုင်တဲ့ဆုတွေကို Swing State  မဲဆန္ဒ ရှင်တွေကို မဲပေးပြီးမှထုတ်ပေးမယ့် အီလွန်မတ်စ်ရဲ့ ပရိုမိုးရှင်းဟာ ဥပဒေစိုးမိုးရေးဆိုင်ရာ ပင်မတုံ့ပြန်ချက် တွေရှိနေပြီး တခြားသူတွေက မဲဆန္ဒရှင်တွေကိုထိခိုက် စေမယ့် လိမ်လည်အကြံအစည်တွေလို့ ဝေဖန်တာ တွေလည်းရှိနေပါတယ်။ အီလွန်မတ်စ်ဟာ ဒေါ်နယ် ထရမ့်အနိုင်ရအောင် ကြိုးပမ်းပေးနေသူတွေထဲမှာ အထင်ရှားဆုံးဖြစ်ပြီး ငွေကြေးအရသာမက လူကိုယ် တိုင် ပါဝင်စည်းရုံးပေးနေတာမျိုးဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ ထရမ့်ကို Super PAC  အတွက် ဒေါ်လာ (၇၅) သန်းအထိ ကူညီထောက်ပံ့ ပေးထားပြီး သူရဲ့ဦးတည်ချက်တွေထဲမှာPennsy lvania  ပြည်နယ်ကို အဓိကထားကာ မဲဆန္ဒရှင်တွေကို လှုံ့ဆော်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 

ကမ္ဘာကျော် တွစ်တာ သို့မဟုတ် X ကတစ်ဆင့် ဒေါ်နယ်ထရမ့်အနိုင်ရအောင် မဲဆွယ်ပေးနေ သလို ပရိသတ်တွေကိုလည်း မဲထည့်ကြဖို့တိုက် တွန်းခဲ့ပါတယ်။ အီလွန်မတ်စ်က ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရအောင် ကူညီပေးတာဟာ နိုင်ငံရေးအကြောင်းပြချက်တွေအပြင် အကျိုးစီးပွားကာကွယ်ရေးအချက်တွေလည်းပါဝင်နေတယ်လို့ဆိုကြပါတယ်။ နည်းပညာစီးပွားရေးနဲ့ပတ်သက်တဲ့အ ကျိုးစီးပွားတွေအပြင်  နည်းပညာဆိုင်ရာကိစ္စတွေမှာ အကျိုးသက်ရောက်မှု ရှိစေဖို့၊ နိုင်ငံရေးအယူအဆ တွေနဲ့ဝါဒတွေ စတဲ့အချက်တွေကြောင့် ရွေးကောက် ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရအောင် ကူညီပေးနေခြင်း ဖြစ်တယ်လို့ သုံးသပ်ပြောဆိုတာတွေလည်းရှိနေပါ တယ်။

အီလွန်မတ်စ်ဟာ ငွေကြေးချမ်းသာသူတစ် ဦးဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံရေးလောကမှာလည်း တဖြည်းဖြည်း ပိုမိုပါဝင်ဆက်နွှယ်လာနေတယ်လို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့လပိုင်းက ဖြစ်ပွားခဲ့တဲ့ ဗင်နီဇွဲ လား သမ္မတ မာဒူရိုကို ဖြုတ်ချနိုင်ရေး ဆန္ဒပြပွဲတွေမှာ အတိုက်ခံအုပ်စုတွေကို ငွေကြေးများစွာ ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ ဗင်နီဇွဲလားသမ္မတက စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ အီလွန်မတ်စ်ကို (၁၉၇၁) ခုနှစ် ဇွန်လ (၂၈) ရက်မှာ မွေးဖွားခဲ့ပြီး  စွန့်ဦးတီထွင် သူနဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ကာ တောင်အာဖရိက၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံသားဖြစ်ပြီး SpaceX  ကုမ္ပဏီရဲ့အမှုဆောင်အရာရှိ ခေါင်းဆောင် ဒီဇိုင်နာဖြစ်ပါတယ်။ ၎င်းဟာ Tesla ကုမ္ပဏီရဲ့ ထုတ်ကုန် ဗိသုကာပညာရှင်လည်းဖြစ်ကာ Paypal  နဲ့ Neuralink လုပ်ငန်းတွေရဲ့ ပူးတွဲတည် ထောင်သူလည်းဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရဖူးတွေထဲမှာလည်းပါဝင်ခဲ့ပြီး ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်တွေ အရတော့ ၎င်းဟာ ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀ဝ)ဘီလျံ ကြွယ်ဝချမ်းသာတယ်လို့ သိရပါတယ်။ 

အမေရိကန်နိုင်ငံသားခံယူထားပေမယ့် မိခင်ဖြစ် သူဟာ ကနေဒါနိုင်ငံသူဖြစ်ပြီး ဖခင်ဖြစ်သူကတော့ တောင်အာဖရိကနိုင်ငံသားဖြစ်ပါတယ်။ အီလွန် မတ်စ်ဟာ ငယ်စဉ်ကလေးဘဝတုန်းက တောင်အာ ဖရိကနိုင်ငံ ပရီတိုးရီးယားဒေသမှာကြီးပြင်းခဲ့ရပြီး အသက် (၁၇)နှစ်အရွယ်မှာ  ကနေဒါနိုင်ငံကို ပြောင်းရွှေ့ကာ Queen တက္ကသိုလ်မှာတက်ရောက် ခဲ့ပါတယ်။ တက္ကသိုလ်တက်ရောက်ခဲ့ပြီးနောက် (၂)နှစ်အကြာမှာပဲ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကို ပြောင်းခဲ့ပါတယ်။ ဒါ့ပြင် အီလွန်မတ်စ်ဟာ အမေရိ ကန်နိုင်ငံ စတန်းဖိုဒ့်တက္ကသိုလ်မှာ အသုံးချ ရူပဗေဒနဲ့ သိပ္ပံဘာသာရပ်ကို ပါရဂူဘွဲ့တက်ရောက်ခဲ့ပေမယ့် စီး ပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ကျောင်းထွက်ခဲ့ပြီး  X.Com အမည်ရှိ အွန်လိုင်းဘဏ်ကို လုပ်ဆောင်ခဲ့ပါ တယ်။ အီလွန်မတ်စ်ဟာ (၂၀ဝ၂) ခုနှစ် မေလမှာ  SpaceX အမည်ရှိ လေကြောင်းဆိုင်ရာ ထုတ်လုပ် ရေးနှင့် အာကာသ သယ်ယူပို့ဆောင်ရေးကုမ္ပဏီကို ထူထောင်ခဲ့ပြီး လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ Tesla ကုမ္ပဏီကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ စီးပွားရေးလုပ် ငန်းတွေလုပ်ကိုင်ရာမှာ စွန့်ဦးတီထွင်တစ်ဦးဖြစ်တဲ့ အတွက် SolarCity အမည်ရှိနေရောင်ခြည်စွမ်း အင်သုံး ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကို ထူထောင်ခဲ့ သလို (၂၀၁၅) မှာတော့ အီလွန်မတ်စ်ဟာ အကျိုး အမြတ်မယူတဲ့ သုတေသနကုမ္ပဏီဖြစ်တဲ့ OpenAI  ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။

(၂၀၁၆) ခုနှစ် ဇူလိုင်လမှာ အီလွန်မတ်စ် ဟာ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုလုပ်ဆောင်နေတဲ့ Neuralink ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ စီးပွား ရေးလုပ်ငန်းတွေအောင်မြင်နေခြင်းကို ရပ်တန့်မနေ ဘဲ  (၂၀၁၆) ခုနှစ်မှာ အဆောက်အအုံနဲ့ လိုဏ်ခေါင်း ဖောက်ကုမ္ပဏီ ဘိုရင်းကုမ္ပဏီကိုလည်း ထပ်မံတည် ထောင်ခဲ့ပြီး ပင်မစီပွားရေးလုပ်ငန်းတွေအပြင် Hyp­erloop လို့ခေါ်တဲ့ မြန်နှုန်းမြင့် သယ်သူပို့ဆောင်ရေး စနစ်ကိုအောင်မြင်ဖို့ရာ မျှော်လင့်နေပါတယ်။ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်မှုတွေရ ယူနိုင်ပြီးနောက် နိုင်ငံရေးလောကမှာလည်း အောင် မြင်မှုတွေရယူနိုင်ဖို့စိတ်ဝင်စားလာခဲ့ရာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အီလွန် မတ်စ်ဟာ ကမ္ဘာ့နိုင်ငံရေးလောကမှာ ပိုမိုပါဝင်လာ ခဲ့ပါတယ်။  ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ရွေးကောက် ပွဲမှာ ၎င်းအနိုင်ရအောင် ဘက်ပေါင်းစုံကနေ ဝိုင်းဝန်း ပံ့ပိုးနေတဲ့ အီလွန်မတ်စ်ကို ချီးကျူးထားပြီး သမ္မတ အဖြစ် တာဝန်ယူခွင့်ရမယ်ဆိုရင်အီလွန်မတ်စ်ကို အစိုးရအဖွဲ့ထဲမှာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးဖို့ အစီအစဉ်ရှိနေပါတယ်။ 

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် ဒေါ်နယ်ထရမ့်နဲ့ ကာမလာဟားရစ်တို့ အပြင် ၎င်းတို့အတွက် အဓိကမဲဆွယ်စည်းရုံးပေးနေသူတွေရဲ့စွမ်းဆောင်ပိုင်း၊ လွှမ်းမိုးမှုပိုင်းတွေက ရွေး ကောက်ပွဲအပေါ် အများကြီးသက်ရောက်နေပါတယ်။ အီလွန်မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို ကမ္ဘာကျော်လူမူကွန်ရက်တွေ၊ ကမ္ဘာကျော် ကုမ္ပဏီတွေပိုင်ဆိုင်ထားပြီး ဩဇာလွှမ်းမိုးမှုရှိနေသူ တစ်ဦးဖြစ်ရာ ၎င်းရဲ့ဩဇာလွှမ်းမိုးမှုတွေ၊ တိုက်တွန်း တောင်းဆိုချက်တွေဟာ ဒေါ်နယ်ထရမ့် အနိုင်ရရေး အတွက် ဘယ်လောက်အထိ သက်ရောက်မှုရှိလာမလဲ ဆိုတာ နိုဝင်ဘာ (၅)ရက်မှာကျင်းပမယ့် ရွေးကောက် ပွဲကို စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့နီးလာချိန်မှာ ပါဝင် ယှဉ်ပြိုင်မယ့် သမ္မတလောင်းနှစ်ဦးနဲ့အတူ ၎င်းတို့အ တွက် အဓိက မဲဆွယ်စည်းရုံးပေးနေတဲ့ အီလွန်မတ်စ် နဲ့  ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်တို့ကိုလည်း လက်ရှိအချိန်မှာ လူစိတ်ဝင်စားမှုများနေတယ်လို့ သုံး သပ်တင်ပြလိုက်ပါတယ်။   


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်ဒိုနီးရှားက (၂၀၃၀)တွင် လျှပ်စစ်ကားနှင့် လျှပ်စစ်ဆိုင်ကယ်အစီးရေ သန်းနှင့်ချီ ထုတ် လုပ်ရန်စီစဉ်နေ

RECENT POSTS
ရုရှားသို့ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ MOU ၌ ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်
19 Mar 2025
ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု
19 Mar 2025
ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း
19 Mar 2025
ရုရှားတွေရင်းနှီးမြှုပ်နှံမယ့် ထားဝယ် SEZ အနာဂတ်ကို ဆွေးနွေးခြင်း
19 Mar 2025
တစ်ခေါ်မှ တစ်မျှော်ဖြစ်သွားသည့် ကျောက်ပန်းတောင်း - မြင်းခြံ ခရီး
19 Mar 2025
ဥရောပအသင်းကြီးတွေရဲ့ ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်များ
19 Mar 2025
အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ
19 Mar 2025
စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ် မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေ
19 Mar 2025
တောင်ကိုရီးယား မင်းသမီး လီဆီယောင်း အိမ်ထောင်သက် (၈)နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲ
19 Mar 2025
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေ
19 Mar 2025
အမေရိကန်မှာ ပြင်းထန်ရာသီဥတုကြောင့် သေဆုံးသူ(၃၆)ဦးအထိ တိုးလာ
18 Mar 2025
ဖူဂျီတောင်တက်ခရီးစဉ် ဝင်ကြေးယန်း (၄၀၀၀)ထိ မြင့်တက်
18 Mar 2025
မြိုင်မြို့နယ်မှ ပြည်သူ့ စစ်ရွာနှင့် ဒေသခံပြောစကား
18 Mar 2025
သမ္မတထရမ့်၏ကျင့်သုံးမြဲ ကုန်သွယ်စစ်ပွဲ စီးပွားရေးဖိအားများက ဒုတိယသက်တမ်းမှာကော အလုပ်ဖြစ်ပါ့မလား
18 Mar 2025
ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ
18 Mar 2025
တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်
18 Mar 2025
ဆေးဝါးများကို တင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိဟုဆို
18 Mar 2025
အသီးအရွက်များဖြင့်ဖန်တီးထားသော ဂီတတူရိယာများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့ပထမဆုံး သံစုံတီးဝိုင်း
18 Mar 2025
VOA/RFA နဲ့ USAGM ကို ရိုက်ခတ်လာတဲ့ ထရမ့်ရဲ့ အမိန့်တစ်ချက်၊ AA နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူ လွှဲပြောင်းဆက်ဆံမှု၊ တောင်ကြီး ရွှေဘုန်းပွင့် တောမီး၊ ရွှေစာရံ ဘုရားဖူးရင်း အသက်ဆုံးရှုံးခဲ့ရသူများ (၁၆-၃-၂ဝ၂၅)
18 Mar 2025
အရပ်ဖက်နေရာကို ဗုံးမှားကြဲမိသည့် တောင်ကိုရီးယား လေယာဉ်မှူး နှစ်ဦးကို တရားစွဲ
14 Mar 2025
FOLLOW US

Copyright © News Services Station | All Right Reserved