ဟောလိဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုကို အစွဲပြုပြီး ဟိမဝန္တာမြွေမျိုးစိတ်သစ်ကို အန်ဂိုင်ကူးလက်စ် ဒီကာပရီယိုလို့ နာမည်ပေး
ရောင်နီ (NSS) - အောက်တိုဘာ ၂၉
သိပ္ပံပညာရှင်တွေဟာ အိန္ဒိယနိုင်ငံ အနောက်ဟိမဝန္တာဒေသမှာ မြွေမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မျိုးစိတ်အမည်ကို သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိတဲ့ ဟောလိဝုဒ် မင်းသား လီယိုနာဒို ဒီကာပရီယိုကို အစွဲပြုပြီး အမည်ပေးခဲ့ပါတယ်။
အန်ဂိုင်ကူးလက်စ် ဒီကာပရီယိုလို့ အမည်ပေးထားတဲ့ အဆိုပါမြွေဟာ ကြေးနီရောင်ရှိပြီး ၂၀၂၀ ခုနှစ် ဇွန်လက ဂျာမနီ၊ အိန္ဒိယနဲ့ ယူကေမှ သုတေသီ အဖွဲ့တစ်ဖွဲ့မှ ဟိမဝန္တာမှာ တွေ့ရှိခဲ့တဲ့ မြွေတစ်မျိုး ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာခြင်းနဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ရတဲ့ လူ့ကျန်းမာရေးပြဿနာတွေကို ဖန်တီးရာမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့တဲ့ အသက်(၄၉)နှစ်အရွယ် A-list ကြယ်ပွင့် လီယိုနာဒိုကို အသိအမှတ်ပြုပြီး မြွေမျိုးစိတ်အတွက် သူ့ရဲ့နာမည်ကို ထည့်သွင်းအမည်ပေးခဲ့တာ ဖြစ်ပါတယ်။
လီယိုနာဒိုဟာ ၁၉၉၈ ခုနှစ်၊ အသက် ၂၄ နှစ် အရွယ်ကတည်းက Planet Earth ကို ထိန်းသိမ်းစောင့်ရှောက်ရေးတွေပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီဖို့ ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ခဲ့သလို ယခုအချိန်အထိ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ် အစီအစဉ်အမျိုးမျိုးအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ထောက်ပံ့ပေးထားသူ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်ဆိုင်းတောင်တိုက်ပွဲ (သို့မဟုတ်) အကျိုးစီးပွားပွတ်တိုက်မှု မျက်လှည့်ရုပ်ရှင်တစ်ခု၏ အတွင်းရေးများ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ