အမေရိကန်နိုင်ငံသားများ၏ (၂၇)ရာခိုင်နှုန်းခန့်က ရွေးကောက်ပွဲပြီးလျှင် ပြည်တွင်းစစ် ဖြစ်လာနိုင်သည်ဟု ယုံကြည်နေ
Pika (NSS) - အောက်တိုဘာ ၂၈
လာမည့် အမေရိကန်သမ္မတရွေးကောက်ပွဲပြီးလျှင် ပြည်တွင်းစစ်ဖြစ်ပွားလာနိုင်ခြေရှိသည်ဟု အမေရိကန်နိုင်ငံသားများ၏ (၂၇) ရာခိုင်နှုန်းဝန်းကျင်က ယုံကြည်နေကြကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် YouGov စစ်တမ်းတစ်ခုအရသိရသည်။ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ် ထရမ့်နှင့် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်တို့၏ ထောက်ခံသူများကလည်း ပြည်တွင်းစစ်ဖြစ်ပွားလာနိုင်ခြေရှိသည်ဆိုသည့် အလားတူစိုးရိမ်မှုများကို ထုတ်ဖော်ပြသခဲ့ကြကြောင်းသိရသည်။
လာမည့်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် နိုင်ငံရေးအကြမ်းဖက်မှုများဖြစ်ပွားလာမည်ကို အမေရိကန်နိုင်ငံသားအများအပြားက စိုးရိမ်နေကြကြောင်းလည်းသိရသည်။ ဖြေဆိုသူများ၏ (၆)ရာခိုင် နှုန်းက ဒုတိယပြည်တွင်းစစ်သည် အလွန်ဖြစ်နိုင်ခြေရှိကြောင်း ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများ၏ (၂၁) ရာခိုင်နှုန်းက ပြည်တွင်းစစ်ဖြစ်ပွားနိုင်ခြေမှာ အနည်းငယ်သာရှိကြောင်း ဖြေဆိုခဲ့ကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ(၁၈)ရက်နှင့် (၂၁)ရက်ကြား လုပ်ဆောင်ခဲ့သော စစ်တမ်းအရ ဒေါ်နယ်ထရမ့်နှင့် ကာမာလာဟားရစ် တို့၏ ထောက်ခံသူများ၏ အကြမ်းဖျင်း ညီမျှသောအချိုးအစားမှာ ပြည်တွင်းစစ်ဖြစ် ပွားနိုင်ခြေရှိသည်ဟု ယုံကြည်နေကြကြောင်းသိရသည်။ လာမည့်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထ ရမ့်က လှည့်ဖြားမှုများလုပ်ဆောင်ကာ အနိုင်ရရှိခဲ့သည်ဟု ယုံကြည်သူများရှိခဲ့မည်ဆိုလျှင် လက်နက် ကိုင်ဆောင်မည့် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလာနိုင်သည်ဟု ဖြေဆိုသူ(၁၂၆၆)ဦး၏ (၁၂)ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်။
ထို့ပြင် ဖြေဆိုသူများ၏ (၅)ရာခိုင်နှုန်းခန့်က လာမည့်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့မည်ဆိုလျှင် ကာမာလာဟားရစ်အတွက် လက်နက်ကိုင်ဆောင်မှုများဖြစ်ပွားလာနိုင်သည်ဟု ယုံကြည်ကြောင်းဖြေဆိုခဲ့ကြသည်။ အဆိုပါစစ်တမ်း သည် အမေရိကန်လူ့အဖွဲ့အစည်းအတွင်းဖြစ်ပွား နေသော သဘောထားကွဲလွဲမှုများကို မီးမောင်းထိုးပြခဲ့ ပြီး ဖြေဆိုသူများ၏(၈၄)ရာခိုင်နှုန်းက အမေရိကန်နိုင်ငံသည် လွန်ခဲ့သည့်(၁၀)နှစ်အချိန်ကထက် ပိုမိုကွဲထွက်လာနေကြောင်း သဘောတူညီခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတောင်မြို့နယ်တွင် ထွေ/အုပ်စာရေးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ