တရုတ်ကမ်းခြေစောင့်ရေယာဉ်ကို အင်ဒိုနီးရှားစစ်သင်္ဘော မောင်းထုတ်ခြင်း နှင့် ရေပြင်တင်းမာမှုများ
Htay Oung (NSS) - အောက်တိုဘာ ၂၈
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လက်အောက်ခံရေယာဉ် ကိုယ်ထည်အမှတ် (၅၄၀၂) အမှတ်အသားပါကမ်းခြေစောင့်သင်္ဘောဟာ အောက်တိုဘာ (၁၉)ရက်မှာ တောင်တရုတ်ပင်လယ် အင်ဒိုနီးရှားပိုင် နော့တူနားကျွန်းများအနီးကို ရောက်ရှိလာခဲ့ ကြောင်း၊ အဲဒီရေပြင်မှာ အရင်ကရှိနေတဲ့ တရုတ် ကမ်းခြေစောင့်သင်္ဘော (၅၃၀၂) နဲ့ တာဝန်လဲလှယ်ဖို့ ရောက်ရှိလာတာဖြစ်တယ်လို့ ရေပြင်နယ်နိမိတ်တွေရဲ့ စီးပွားရေးနဲ့ နည်းပညာရပ်တွေအကြောင်း ဖော်ပြပေးနေတဲ့ “ ဆီးလိုက် ” ဒီဂျစ်တယ် သတင်းပိုတယ် (22 October 2024) က ရေးသားပါတယ်။
“ဆီးလိုက်” ဆိုတာ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊ အများလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရှင်းလင်းပြတ်သားစွာ ပိုင်းခြားနိုင်ခြင်း မရှိသေးဘဲ “ မီးခိုးရောင်ဇုန် ” အဖြစ် အများနားလည်ထားတဲ့ ပင်လယ်ရေပြင်နယ်နိမိတ်ဆိုင်ရာ သတင်းများ”ကို ဖော်ပြပေးနေတဲ့ ဒီဂျစ်တယ်မီဒီယာတစ်ခု ဖြစ်ပါတယ်။
အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ “အထူး သီးသန့်စီးပွားရေးဇုန်” ဆိုတာတွေဟာ မိမိ ပိုင်ရေပြင်အဖြစ်သတ်မှတ်ထားတဲ့ “ မျဉ်းတို (၉)ခု ဧရိယာ” အတွင်း ကျရောက်နေကြောင်း၊ မိမိတို့ အချုပ်အခြာပိုင်နက်နယ်မြေကို ကာကွယ်သောအား ဖြင့် အဆိုပါရေပြင်အတွင်း ဝင်ရောက်ကင်းလှည့်မှု တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှာဖြစ် ကြောင်း တရုတ်နိုင်ငံက ကြေညာထားပါတယ်။ တ ကယ်တော့ နော့တူနာကျွန်းဆိုတာ အင်ဒိုနီးရှားပိုင် " ရီအာကျွန်းစုများ"အနက် မြောက်ဘက်အကျဆုံး ကျွန်းငယ်တစ်ခုဖြစ်ပါတယ်။ ထိုင်း-ကမ္ဘောဒီးယား-ဗီယက်နမ်၊ မလေးကျွန်းဆွယ်အရှေ့ပိုင်းမြို့တွေကနေ ဘော်နီယိုကျွန်းမြို့တွေကို ရေကြောင်းသွားလာရာမှာ ရီအာကျွန်းစုတွေအနီးမှ ဖြတ်သန်းသွားရပါတယ်။ ကုန်သွယ်ရေကြောင်း အချက်အချာ မလက္ကာရေလက် ကြားရဲ့မြောက်ဘက် ခပ်လှမ်းလှမ်းမှာတည်ရှိပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျွန်းတွေပေါ်မှာ အခြေစိုက် သောင်းကျန်းနေတဲ့ ပင်လယ်ဓားပြတွေကို မလေးရှားနဲ့အင်ဒိုနီးရှား ပူးပေါင်းစစ်တပ်က ရှင်းလင်း ခဲ့ရဖူးပါတယ်။ ခုနောက်ပိုင်း နတ်တူနာကျွန်းပေါ်မှာ အတော်အသင့်စည်ကားတဲ့ အင်ဒိုနီးရှား ရေလုပ် ငန်းရွာလေး တည်ရှိနေပါပြီ။
အဲဒီရေပြင် "အာဝါနာလုပ်ကွက်"မှာ အင်ဒို နီးရှားနိုင်ငံပိုင် "ပါတားမီးနားကုမ္ပဏီ"နဲ့ နော်ဝေး နိုင်ငံအလံတင် ငလျင်တိုင်းတာရေး "အမ်ဗီဂျီအို ကော်ရယ်"ရေယာဉ်တို့ပူးတွဲပြီး ရေနံနဲ့ သဘာဝဓာတ် ငွေ့ ရှာဖွေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ကမ်းခြေစောင့်သင်္ဘော (၅၄၀၂)ဟာ တိုင်း တာရှာဖွေရေးလုပ်ငန်းတွေကို နှောင့်ယှက်ခဲ့တဲ့အ တွက် အဆိုပါရေယာဉ်ကိုမောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့ရကြောင်း ဂျာကာတာရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။
တကယ်တော့ (၅၄၀၂)ဟာ အောက်တိုဘာ (၁၇)ရက်ကတည်းက အဆိုပါရေပြင်အတွင်း ရောက် ရှိနေတာဖြစ်ပြီး တရုတ်သင်္ဘော (၂) စင်းနဲ့ ထိပ်တိုက် တွေ့ရာမှာ အင်ဒိုနီးရှားဘက်က အင်အားအများအပြားပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံမီဒီယာ တွေက ရေးသားကြပါတယ်။
"ဘာကမ်လာ"ခေါ် အင်ဒိုနီးရှား ပင်လယ်ရေ ကြောင်း လုံခြုံရေးအေဂျင်စီ (MSA)ရဲ့အဆိုအရ မိမိတို့ရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့သင်္ဘော ကိုမောင်းထုတ်ရာမှာ "တန်ဂျုံဒါတု အတန်းအစား" ကင်းလှည့်ရေယာဉ်တစ်စင်းနဲ့ အေဂျင်စီပိုင် လေ ယာဉ်တစ်စင်းတို့ပါဝင်ခဲ့ကြောင်း၊ ယမန်နေ့မှာ အဆို ပါသင်္ဘောဟာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဘာကမ်လာ ပြည်သူ့ရေးရာအရာရှိတစ်ဦးကပြောပါတယ်။
အခင်းဖြစ်ပွားခြင်းဟာ အောက်တိုဘာ (၂၁) ရက် တနင်္လာနေ့ အနောက်အင်ဒိုနီးရှားစံတော်ချိန် (ဝ၅း၃၈)နာရီမှာဖြစ်ကြောင်း တရုတ်သင်္ဘောကို အင်ဒိုနီးရှား ကင်းလှည့်သင်္ဘောကတွေ့ရှိပြီးနောက် အင်ဒိုနီးရှားရေတပ်ကို သတင်းပေးပို့ခဲ့ကြောင်း၊ တ ရုတ်သင်္ဘောရောက်ရှိခဲ့တဲ့နေရာဟာ အင်ဒိုနီးရှား ကျွန်းမှ မြေပုံညွှန်း (၁၂၅) ဒီဂရီ ရေမိုင် (၇.၃) မိုင် အကွာမှာဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များကို ကိုးကားပြီး နိုင်ငံပိုင် "အန်တာရာ"သတင်းအေဂျင် စီက ရေးသားပါတယ်။
တရုတ်သင်္ဘော ပြန်လည်မထွက်ခွာမီ နှစ်နိုင်ငံ ကမ်းခြေစောင့်သင်္ဘောအချင်းချင်း ရေဒီယို အဆက် အသွယ်ပြုလုပ်ခဲ့တယ်ဆိုပေမယ့် ဘာတွေ ပြောဆိုခဲ့ တယ်ဆိုတာ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ တရုတ်သင်္ဘောက ပြန်လည်ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်မှတစ်ဆင့် အင်ဒိုနီးရှားရေ ကြောင်းလုံခြုံရေးအေဂျင်စီက ခေါ်ယူနေပုံ ဗီဒီယိုကို ဘာကမ်လာက ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်သင်္ဘော အနေနဲ့ တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်ရေပြင်မှ တခြားနိုင်ငံတစ်နိုင်ငံရဲ့ အငြင်းပွားခြင်းမရှိတဲ့ အချုပ် အခြာအာဏာပိုင်နက်အတွင်း ရောက်ရှိနေတာ မလွဲ ဧကန်သေချာပါတယ်လို့ ချစ်ကြည်ရင်းနှီးတဲ့လေသံနဲ့ သတိပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ တရုတ်ဘက် ကလည်း သူတို့ရောက်ရှိနေတဲ့ရေပြင်ဟာ သူတို့ပိုင် နက်အတွင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုပါတယ်။
ဒါပေမဲ့ တရုတ်သင်္ဘော ပြန်လှည့်သွားရလောက် အောင် အင်ဒိုနီးရှားဘက်က နောက်ထပ် ဘယ်လိုပြော ဆိုစည်းရုံးခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ပါဝင် ခြင်း မရှိပါဘူး။
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအရ ကမ်းလွန် ရေနံစင်တွေနဲ့ တန်ချိန် (၅၀ဝ) အထက် အရပ်ဘက် သင်္ဘောတိုင်းတပ်ဆင်ရတဲ့ အလိုအလျောက် သ တင်းအချက်အလက်စနစ် (AIS) ဒေတာတွေအရ အခင်းဖြစ်ရပ်ကို အကြမ်းဖျင်းသိရှိနိုင်ပါတယ်။ အောက်တိုဘာ (၁၇) ရက်မှာ အဆိုပါ ရေပြင်အတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘော (၅၃၀၂) ဝင်ရောက် နှောင့်ယှက်နေတဲ့အတွက် အင်ဒိုနီးရှားဘက်က ကမ်း ခြေစောင့်သင်္ဘောတွေနဲ့ လေယာဉ်ကို တန်ပြန်စေ လွှတ်ခဲ့ကြောင်း၊ အောက်တိုဘာ (၁၉) ရက်မှာ (၅၃၀၂)ရဲ့နေရာကို (၅၄၀၂)က တာဝန်လဲလှယ်ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အင်ဒိုနီးရှားဘက်က KRI Sutedi Senaputra (၃၇၈) စစ်သင်္ဘောတစ် စင်းရောက်ရှိလာတယ်ဆိုပေမယ့် စစ်ရေယာဉ်တွေမှာ (AIS)စနစ်ကို လိုက်နာခြင်းမရှိတဲ့အတွက် အ ထောက်အထား ပြသနိုင်ခြင်းမရှိပါဘူး။ အောက်တိုဘာလ (၂၂)ရက် နေ့လယ်ပိုင်းမှာ CCG (၅၄၀၂)ဟာ အင်ဒိုနီးရှား သီးသန့်စီးပွားရေးဇုန်မှထွက်ခွာသွားပြီး ဗီယက်နမ်နိုင်ငံ ရေပြင်ပိုင်နက်အတွင်း ဝင်ရောက်သွားချိန်အထိ အင်ဒိုနီးရှားသင်္ဘောတွေက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း သိရှိရပါတယ်။
ပေကျင်းဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံး နီးပါးကို “မျဉ်းတို ၉-ခု ”ရေးဆွဲပြီး ၎င်တို့ ပိုင်ဆိုင်နယ်မြေဖြစ်ကြောင်း တစ်ဖက်သတ်ကြေညာ ထားပေမယ့် အနီးအနားရှိ အခြားနိုင်ငံတွေရဲ့ အထူး သီးသန့်စီးပွားရေးဇုန်ရေပြင်တွေကိုတော့ အသိအ မှတ်ပြုခြင်းမရှိပါဘူး။ ယခုနောက်ပိုင်း အဲဒီရေပြင်အ တွင်း ကင်းလှည့်မှုတွေ ခပ်စိတ်စိတ်ပြုလုပ်လာခဲ့ရာ အများဆုံး ကျူးကျော်ဝင်ရောက်ခံရတဲ့တိုင်းပြည်က ဖိလစ်ပိုင်ဖြစ်ပါတယ်။
ဒီအတွက် နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အချင်းချင်း လုံးထွေးသတ်ပုတ်ကြပြီး တရုတ်တို့ ဘက်က ပုဆိန်နဲ့လှံတွေအသုံးပြုတဲ့အတွက် မိမိ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ မနီလာ က စွပ်စွဲပါတယ်။ မကြာသေးခင်ကလည်း တောင်တ ရုတ်ပင်လယ်မှာ ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်နဲ့ လေ ယာဉ်တွေကို တရုတ်တို့ဘက်က စစ်သုံးလေဆာရောင် ခြည်နဲ့ထိုးစိုက်ခဲ့ကြောင်း၊ မိမိတို့ဝန်ထမ်းတွေ မူးဝေ အော့အန်ခဲ့ရတဲ့ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
လွန်ခဲ့တဲ့ (၃) ရက် (၂၀၂၄) ခုနှစ် အောက်တို ဘာလ (၂၀) ရက် အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ် ပရာဘိုဝို ဆူဘီယာနိုက ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတသစ် အပြောင်းအလဲဖြစ်ခြင်းနဲ့ ယခုဖြစ်ရပ်ဟာ ဆက်စပ်မှုရှိတယ်လို့မဆိုနိုင်ပေမယ့် တရုတ်ခေါင်း ဆောင်တွေဟာ မီးခိုးရောင်နယ်မြေကျူးကျော်မှုတွေနဲ့ အင်ဒိုနီးရှားခေါင်းဆောင်သစ်အပေါ် သွေးတိုးစမ်းမှု မကြာခဏပြုလုပ်လာတယ်လို့ သတိပြုစရာဖြစ်လာပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ် ဧပြီလအတွင်း (၅၀၀)ကေဗွီ လှိုင်သာယာဓာတ်အားခွဲရုံစီမံကိန်း ရာနှုန်းပြည့် ပြီးစီးမည်ဟုဆို
RELATED POSTS
06 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
06 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
31 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ