ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတစ်စီး ကွန်ကရစ်တုံးကိုတိုက်မိ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၃)ဦးသေဆုံး
စော (NP News) - ဧပြီ ၁၀
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတစ်စီး ကွန်ကရစ်တုံးကိုတိုက်မိ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၃)ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီ ၁၀ရက်) နံနက် ၁၁နာရီခွဲအချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၅/၆)နှင့် (၃၂၅/၇)ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမြန်လမ်းအတိုင်းမောင်းနှင်လာသည့် Honda Civic မော်တော်ယာဉ်သည် လမ်းဘေးရှိ ကွန်ကရစ်တုံးကို ဝင်တိုက်မိရာမှ ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လမ်းဘေး ကွန်ကရစ်တုံးကိုတိုက်မိပြီး လောင်တာပါ။ အရှိန်ပြင်းလို့လဲပါပါတယ်။ ကားပေါ်မှာ အမျိုးသား(၃)ဦးပါပါတယ်။ သေဆုံးသွားပါတယ်”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား(၃)ဦးမှ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကားတစ္စီး ကြန္ကရစ္တုံးကိုတိုက္မိ၍ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသား(၃)ဦးေသဆုံး
ေစာ (NP News) - ဧၿပီ ၁၀
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကားတစ္စီး ကြန္ကရစ္တုံးကိုတိုက္မိ၍ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသား(၃)ဦး ေသဆုံးခဲ့ေၾကာင္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီ ၁၀ရက္) နံနက္ ၁၁နာရီခြဲအခ်ိန္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္(၃၂၅/၆)ႏွင့္ (၃၂၅/၇)ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အျမန္လမ္းအတိုင္းေမာင္းႏွင္လာသည့္ Honda Civic ေမာ္ေတာ္ယာဥ္သည္ လမ္းေဘးရွိ ကြန္ကရစ္တုံးကို ဝင္တိုက္မိရာမွ ကားမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“လမ္းေဘး ကြန္ကရစ္တုံးကိုတိုက္မိၿပီး ေလာင္တာပါ။ အရွိန္ျပင္းလို႔လဲပါပါတယ္။ ကားေပၚမွာ အမ်ိဳးသား(၃)ဦးပါပါတယ္။ ေသဆုံးသြားပါတယ္”ဟု အျမန္လမ္းမီးသတ္တပ္ဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသား(၃)ဦးမွ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးသြားေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ေသဆုံးခဲ့သူမ်ား၏ ႐ုပ္အေလာင္းမ်ားကို ရဲတပ္ဖြဲ႕ပိုင္ယာဥ္ျဖင့္ ႏြားထိုးႀကီးျပည္သူေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၁၂)လုံး မီးလောင်ပျက်စီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း