ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၁၂)လုံး မီးလောင်ပျက်စီး
စော (NP News) - ဧပြီ ၁ဝ
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၁ဝ ရက်) ၊ နံနက် (၅)နာရီဝန်းကျင်အချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင် လယ်ရပ်ကွက် ၊ (၅၁)လမ်း၊ ၁ဝ၅x၁ဝ၆ ကြားတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ မီးလောင်မှုကို မိနစ်(၂ဝ)ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရပြီး နံနက်(၅)နာရီခွဲဝန်းကျင်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“ကျွန်တော်တို့အခုလက်ရှိ စုံစမ်းစစ်ဆေးနေတုန်းပါ။ နေအိမ်(၁၂)လုံး ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့လူရော ၊ သေဆုံးတဲ့လူရောမရှိပါဘူး”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံစက်မှုဇုန်(၃)၊ ကနောင်(၂)လမ်းတွင်လည်း ယနေ့ နံနက်(၃)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနမှ သိရသည်။
zawgyi version
ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္(၁၂)လုံး မီးေလာင္ပ်က္စီး
ေစာ (NP News) - ဧၿပီ ၁ဝ
မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္(၁၂)လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၁ဝ ရက္) ၊ နံနက္ (၅)နာရီဝန္းက်င္အခ်ိန္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္ လယ္ရပ္ကြက္ ၊ (၅၁)လမ္း၊ ၁ဝ၅x၁ဝ၆ ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။
အဆိုပါ မီးေလာင္မႈကို မိနစ္(၂ဝ)ေက်ာ္ၾကာ မီးျငႇိမ္းသတ္ခဲ့ရၿပီး နံနက္(၅)နာရီခြဲဝန္းက်င္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔အခုလက္ရွိ စုံစမ္းစစ္ေဆးေနတုန္းပါ။ ေနအိမ္(၁၂)လုံး ပ်က္စီးသြားတယ္။ ထိခိုက္ဒဏ္ရာရရွိတဲ့လူေရာ ၊ ေသဆုံးတဲ့လူေရာမရွိပါဘူး”ဟု ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
မီးေလာင္မႈေၾကာင့္ ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ မရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါကၠံစက္မႈဇုန္(၃)၊ ကေနာင္(၂)လမ္းတြင္လည္း ယေန႔ နံနက္(၃)နာရီအခ်ိန္ခန႔္က မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မီးသတ္ဌာနမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သူပုန်တို့ထိန်းချုပ်ထားသည့် ယီမင်မြို့တော်တွင် ဆော်ဒီ၊ အိုမန်သံတမန်များနှင့် ဟူသီခေါင်းဆောင်တို့ ငြိမ်းချမ်းရေးဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း