မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၉
မြောက်ကိုရီးယား နိုင်ငံသည် စစ်ရေးလေ့ကျင့်ရန် နှင့် ယူကရိန်းစစ်ပွဲတွင် ပါဝင်နိုင်ရန် ရုရှားနိုင်ငံသို့ အထူးတပ်ဖွဲ့ဝင် (၁၅၀၀)စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ထောက် လှမ်းရေးအဖွဲ့က ပြောသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သောနှစ် သြဂုတ်လနောက်ပိုင်းတည်းက ရုရှားသို့ စစ်လက်နက်ပစ္စည်း ကျည်ဆံများ ပါဝင်သော ကွန်တိန်နာ (၁၂၀၀၀)ကို ရေကြောင်းခရီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများသည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း ပိုမိုတိုးတက်ကောင်းမွန်လာပြီး ယခုနှစ်တွင် တစ်နိုင်ငံ စစ်ဖြစ်လျှင် အခြားတစ်နိုင်ငံက ပါဝင်ကူညီပေးမည်ဆိုသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ချုပ်ဆိုခဲ့သည်။
ယူကရိန်း သမ္မတ ဇီလန်စကီးက စစ်ပွဲအတွင်း မြောက်ကိုရီးယား စစ်သား (၁)သောင်းခန့် ပါဝင်ဖွယ်ရှိနေကြောင်း ပြောဆိုထားကြောင်းသိရသည်။ တောင်ကိုရီးယား သမ္မတသည် အဆိုပါ သတင်းများထွက်ပေါ်လာပြီးနောက် အရေးပေါ် အစည်းဝေးကျင်းပခဲ့ပြီး မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။ တောင်ကိုရီးယား သမ္မတက အခြေအနေများကို မသိကျိုးကျွံပြုလို့မရဘဲ နိုင်ငံတကာအဖွဲ့စည်းများ နှင့် တတ်နိုင်သမျှ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။
ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က ရုရှားနိုင်ငံ အရှေ့ပိုင်းတွင် မြောက်ကိုရီးယား စစ်သား (၁)သောင်းကျော်လေ့ကျင့်နေပြီး ရုရှားဘက်က ပါဝင်တိုက်ခိုက်ဖွယ်ရှိနေကြောင်း ပြော သည်။ မြောက်ကိုရီးယား စစ်သားများသည် ရုရှားထုတ်လက်နက်ကျည်ဆံများ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်သွားဖွယ်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ