ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
Pika (NSS) - အောက်တိုဘာ ၁၈
ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကြောင့် ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ်တရားရုံးက အောက်တိုဘာလ (၁၇) ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ရှိတ်ဟာစီနာ၏ တရားခွင်ကို စောင့်ဆိုင်းနေ ကြောင်း ဆန္ဒပြပွဲများအတွင်း သေဆုံးသွားခဲ့သောရာ နှင့်ချီ သည့် လူများထဲမှတစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောကြားခဲ့သည်။
ရှိတ်ဟာစီနာ၏ (၁၅)နှစ်ကြာ အုပ်ချုပ်မှုကာလအတွင်း အစုလိုက်အပြုံလိုက်ချုပ်နှောင်ခြင်းနှင့် ၎င်း၏နိုင်ငံရေးအတိုက်အခံများကို တရားမဝင် သတ်ဖြတ်ခြင်းများအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်ခဲ့ရ သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICT) ၏ အစိုးရရှေ့နေချုပ် Mohammad Tajul Islam က "ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ဖမ်းဆီးပြီး လာမယ့်နိုဝင်ဘာလ(၁၈)ရက်မှာ ရုံးထုတ်ဖို့ တရားရုံးက အမိန့်ထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လကနေ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေ၊အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ရှိတ်ဟာစီနာမှာ တာဝန်ရှိပါ တယ်ဟုပြောဆိုခဲ့သည်။ ထို့ပြင် ရှိတ်ဟာစီနာ၏ Awami League ပါတီ၏ အထွေထွေအတွင်းရေးမှူးဟောင်း Obaidul Quader နှင့် အမည်မဖော်လိုသူ အခြားလူ(၄၄)ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းသိရသည်။ ရှိတ်ဟာစီနာ အစိုးရပြိုလဲ သွားပြီးနောက် ဒါဇင်နှင့်ချီသော ၎င်း၏မဟာမိတ်များသည်လည်း ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်းသိရသည်။ ဆန္ဒပြပွဲများ ငြိမ်သက်သွား ပြီးနောက် Awami League ပါတီ၏ အစိုးရအဖွဲ့ ဝန်ကြီးဟောင်းများနှင့် အခြားအကြီးတန်းအဖွဲ့ဝင်များလည်း ဖမ်းဆီးခံခဲ့ရပြီး ရှိတ်ဟာစီနာအစိုးရက ခန့် အပ်ထားသည့် တာဝန်ရှိသူများအားလုံးကို တရားရုံး များနှင့် ဗဟိုဘဏ်တို့က ရာထူးမှဖယ်ရှားပစ်ခဲ့ကြောင်း လည်းသိရသည်။
သို့သော်လည်း ရှိတ်ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးခဲ့ပြီးနောက်ပိုင်းတည်းက လက်ရှိအချိန်အထိ လူမြင်ကွင်းတွင် ထွက်ပေါ်လာခဲ့ခြင်းမျိုးမရှိသေးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ