ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၆
မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကြားတင်းမာမှုဖြစ်ပွားနေချိန်မှာပဲ မြောက်ကိုရီးယားစစ်တပ်မှာပါဝင်အမှုထမ်းဖို့ လူငယ် (၁ ဒသမ ၄)သန်းကျော် ပူးပေါင်းပါဝင်လာခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားအစိုးရက လူငယ် (၁ ဒသမ ၄)သန်းကျော်ဟာ ဒီသီတင်းပတ်အတွင်းမှာပဲစစ်မှုထမ်းဖို့ ပူးပေါင်းပါဝင်လာခဲ့ကြောင်း၊ အဲဒီလူငယ်တွေထဲမှာ ကျောင်းသားတွေ၊ လူငယ်အဖွဲ့ချုပ်က လူငယ်တွေပါဝင်ခဲ့ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားလူငယ်တွေဟာမြောက်ကိုရီးယားစစ်တပ်နဲ့အတူ ရန်သူတွေကို ဖျက်ဆီးဖို့ စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲ စစ်တပ်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအမြင့်ဆုံးဖြစ်နေချိန်မှာပဲ နှစ်ရက်အတွင်း မြောက်ကိုရီးယားလူငယ် (၁)သန်းကျော် စစ်မှုထမ်းဖို့ အမည်စာရင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အမေရိကန်ကိုတိုက်ခိုက်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံသားအများစု စစ်တပ်နဲ့ပူးပေါင်းခဲ့ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်စပ်ဒေသမှာရှိနေတဲ့ မီးရထားလမ်းတွေနဲ့ ကားလမ်းတွေကို ဖောက်ခွဲဖျက်ဆီးခြင်းရှိခဲ့ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားဟာ မြောက်ကိုရီးယားမြို့တော် ဆိုးလ်ကို ဒရုန်းတွေ စေလွှတ်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ နယ်စပ်ဒေသရှိ လမ်းများဖောက်ခွဲခံရခြင်းနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရက သတိပေးပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ