ပိတ်ဆို့အရေးယူတတ်သူများကို BRICS တွင် ပါဝင်ခွင့် မပေးကြောင်း ရုရှားကြေညာ
Pika (NSS) - အောက်တိုဘာ ၇
BRICS အဖွဲ့ဝင်နိုင်ငံများအပေါ် ပိတ်ဆို့အရေး ယူမှုများ ချမှတ်ထားသည့်နိုင်ငံများသည် အစုအဖွဲ့အတွင်း ပါဝင်နိုင်မည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြား ရေးဒုဝန်ကြီး ဆာဂေးရိုက်ယက်ကော့ဗ်က အောက်တို ဘာလ(၃)ရက်တွင် ပြောဆိုခဲ့ပြီး BRICS အဖွဲ့တွင် ပါဝင်နိုင်မည့် အခြေအနေများထဲမှတစ်ခုကို ဖော်ပြခဲ့ကြောင်းသိရသည်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သော BRICS အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ(၉)နိုင်ငံအထိ တိုးချဲ့ထားပြီး ယခုလနှောင်းပိုင်းတွင် ရုရှားနိုင်ငံ ကာဇန်မြို့တွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် နောက်ထပ် တိုးချဲ့မှုများလုပ်ဆောင်ရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်ရန် မျှော်မှန်းထားကြကြောင်းသိရသည်။ ဆာဂေးရိုက် ယက်ကော့ဗ်က ‘BRICS အဖွဲ့မှာပါဝင်မယ့် နိုင်ငံတွေဟာ အချုပ်အခြာအာဏာပိုင်မူဝါဒကို လိုက်နာဖို့ လိုအပ်ပြီး နိုင်ငံ တကာနဲ့ဒေသတွင်းရေးရာတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ဖို့၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေ တည်ဆောက်ဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ်ချမှတ်ထားတဲ့ တရားမဝင် ပိတ်ဆို့အရေးယူမှုတွေမှာ မပါဝင်ဖို့လိုအပ်ပါ တယ်’ ဟုပြောသည်။
BRICS အဖွဲ့တွင်ပါဝင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည့် သတင်းထောက်များ၏ မေးခွန်းများကို ဆာဂေးရိုက်ယက် ကော့ဗ်က ယခုကဲ့သို့တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် ယူကရိန်း အရေးနှင့်ပတ်သက်ပြီး ရုရှားအပေါ် အမေရိကန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့အရေးယူ မှုများသည် တရားမဝင်ကြောင်း ရုရှားအစိုးရဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ရုရှားသည် ယခုလ နှောင်းပိုင်းတွင် ကျင်းပမည့် BRICS အဖွဲ့၏နှစ်ပတ်လည်ထိပ်သီးအစည်း အဝေးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း လည်း သိရသည်။ လက်ရှိအချိန်တွင် BRICS အဖွဲ့၌ပါဝင်နိုင်ရန် ကြိုး ပမ်းနေသည့်နိုင်ငံများမှာ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ ဟွန်ဒူးရပ်စ်၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကူဝိတ်၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ ထိုင်း၊ ဗင်နီဇွဲလားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
ဆာဂေးရိုက်ယက်ကော့ဗ်က ‘BRICS အဖွဲ့မှာပါဝင်နိုင်ဖို့ အခြားနိုင်ငံတွေအတွက် ကျွန်တော်တို့ရဲ့တံခါးတွေကိုဖွင့်ထားဆဲ ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီမှသာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက် ခွင့်ပြုသွားမှာပါ’ ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခေတ်ပြိုင်ကာလများတွင် မဟတ္တမဂန္ဒီ၏ ဘဝနှင့် အမွေအနှစ်များ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ