ဥရောပသမဂ္ဂဈေးကွက် ပျောက်သွားနိုင်သည့်အချက် ပြင်သစ်သမ္မတ သတိပေး
Pika (NSS) - အောက်တိုဘာ ၇
ဥရောပသမဂ္ဂ၏စီးပွားရေးသည် အမေရိကန်၊ တရုတ်တို့၏စီးပွားရေးတို့နှင့် ပြိုင်ဆိုင်မှုများပိုမိုလုပ်ဆောင်ရန် လိုအပ်နေပြီး ယင်းကဲ့သို့မလုပ်ဆောင်ပါက ဥရောပသမဂ္ဂဈေးကွက်ပျောက်ကွယ်သွားနိုင်ကြောင်း ပြင်သစ်သမ္မတမက် ခရွန်က ထုတ်ဖော်ပြောဆိုသည်။
အဖွဲ့ဝင်နိုင်ငံ(၂၇)နိုင်ငံပါဝင်သော ဥရောပသမဂ္ဂသည် အမေရိကန်နှင့်တရုတ်တို့၏ နောက်သို့ တဖြည်းဖြည်းရောက်ရှိလာနေပြီး ၎င်းတို့နှစ်နိုင်ငံစလုံးသည် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့တွင် ဥရောပသမဂ္ဂ ကိုကျော်တက်သွားခဲ့ကြောင်း မက်ခရွန်ကပြောကြားခဲ့သည်။
ထို့ပြင် ဥရောပသမဂ္ဂသည် မသေချာမရေရာ သောအခြေအနေတွင်ရှိနေပြီး ၎င်း၏တစ်ခုတည်း သောဈေးကွက်ကို ပိုမိုနက်ရှိုင်းအောင်မလုပ်ဆောင်ပါက ပြဿနာများနှင့်ကြုံတွေ့ရနိုင်ကြောင်း မက်ခရွန်ကသတိပေး ပြောဆိုခဲ့သည်။ မက်ခရွန်က “ဥရောပသမဂ္ဂရဲ့ဈေးကွက်က ပျောက်ကွယ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အရမ်းအရေးကြီးတဲ့ အခိုက် အတန့်ကိုရောက်ရှိနေပါပြီ။ ဥရောပသမဂ္ဂရဲ့ မော်ဒယ်ပုံစံဟောင်းက အဆုံးသတ်သွားပါပြီ။ကျွန်တော်တို့မှာ စည်းကမ်း တွေအရမ်းများပြီး ရင်းနှီးမြှုပ်နှံမှုတွေ နည်းပါးနေပါတယ်။ လာမယ့်(၂)နှစ်ကနေ(၃)နှစ်အတွင်းမှာ အရင်တုန်းက အစီအစဉ်တွေအတိုင်းဆက်လက်လိုက်နာသွားမယ်ဆိုရင် ကျွန်တော်တို့ဈေးကွက်ထဲကနေ ထွက်ခွာသွားရပါ လိမ့်မယ်” ဟုပြောသည်။
ထို့ပြင်ဥရောပသမဂ္ဂအနေဖြင့် စည်းမျဉ်းများကို အမြန်ပြုပြင်ပြောင်းလဲရန် ပျက်ကွက်ပါက အရေးပေါ် အစီအစဉ်ကို (၅)နှစ်မှ (၁၀)နှစ်အတွင်း အကောင်အထည်ဖော်ရန် တွန်း အားပေးခံရနိုင်ကြောင်း မက်ခရွန်က သတိပေးပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်များ ဖြစ်မလာစေရန်အတွက် မျှတသောကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစည်းမျဉ်းများကို လုပ် ဆောင်ရန် အဖွဲ့ဝင်နိုင်ငံများကို မက်ခရွန်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။ ဥရောပသမဂ္ဂသည် အမေရိကန်နှင့်တရုတ်တို့၏စီးပွားရေးကို လိုက်မီနိုင်ရန်အတွက် အစုအဖွဲ့ တစ်ခုလုံး၏ဂျီဒီပီ၏ (၄ ဒသမ ၅ )ရာခိုင်နှုန်း ခန့်ရှိသော ယူရို(၈၀ဝ)ဘီလျံ နှစ်စဉ်ရင်းနှီးမြှုပ်နှံမှုကိုလိုအပ်နေကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းဖြစ်သလို အီတလီ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မာရီယိုဒရာဂီက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိတ်ဆို့အရေးယူတတ်သူများကို BRICS တွင် ပါဝင်ခွင့် မပေးကြောင်း ရုရှားကြေညာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း