ကမ္ဘာအေးစေတီတော်ရင်ပြင်အနီး၌ (၂ဝ)ရက်သားအရွယ်ခန့်ရှိ ကလေးငယ်တစ်ဦး စွန့်ပစ်ခံထားရ
Pearl (NP News) – ဧပြီ ၈
ကမ္ဘာအေးစေတီတော်ရင်ပြင်အနီး၌ (၂ဝ)ရက်သားအရွယ်ခန့်ရှိ ကလေးငယ်တစ်ဦး စွန့်ပစ်ခံထားရကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၇ ရက်)၊ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် ကမ္ဘာအေးစေတီတော် ရင်ပြင်အနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စွန့်ပစ်ခံထားရသော ကလေးသည် (၂ဝ)ရက်သား အရွယ်ခန့်သာရှိ၍ ယောက်ျားလေးဖြစ်ပြီး မွေးရာပါနှုတ်ခမ်းကွဲနေကြောင်း သိရသည်။
"ဘုရားရင်ပြင်အနီး အကွယ်လေးမှာ စွန့်ပစ်ထားတာပေါ့၊ ကလေးက ပုရွတ်ဆိတ်တွေ ကိုက်တော့အော်တဲ့အချိန် အနားက စျေးသည်တွေ တွေ့သွားတာပေါ့။ ကလေးရဲ့ကျန်းမာရေးအခြေအနေကြောင့် ကျွန်တော်တို့ ရန်ကင်းကလေး ဆေးရုံကိုပို့ပေးခဲ့ပါတယ်" ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
လက်ရှိတွင် အဆိုပါကလေးငယ်အား ရန်ကင်းကလေးဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းသိရသည်။
zawgyi version
ကမာၻေအးေစတီေတာ္ရင္ျပင္အနီး၌ (၂ဝ)ရက္သားအ႐ြယ္ခန႔္ရွိ ကေလးငယ္တစ္ဦး စြန႔္ပစ္ခံထားရ
Pearl (NP News) – ဧၿပီ ၈
ကမာၻေအးေစတီေတာ္ရင္ျပင္အနီး၌ (၂ဝ)ရက္သားအ႐ြယ္ခန႔္ရွိ ကေလးငယ္တစ္ဦး စြန႔္ပစ္ခံထားရေၾကာင္း ျမန္မာ့ၾကယ္ျဖဴလူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၇ ရက္)၊ ညေန (၄)နာရီခြဲအခ်ိန္ခန႔္တြင္ ကမာၻေအးေစတီေတာ္ ရင္ျပင္အနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ စြန႔္ပစ္ခံထားရေသာ ကေလးသည္ (၂ဝ)ရက္သား အ႐ြယ္ခန႔္သာရွိ၍ ေယာက္်ားေလးျဖစ္ၿပီး ေမြးရာပါႏႈတ္ခမ္းကြဲေနေၾကာင္း သိရသည္။
"ဘုရားရင္ျပင္အနီး အကြယ္ေလးမွာ စြန႔္ပစ္ထားတာေပါ့၊ ကေလးက ပု႐ြတ္ဆိတ္ေတြ ကိုက္ေတာ့ေအာ္တဲ့အခ်ိန္ အနားက ေစ်းသည္ေတြ ေတြ႕သြားတာေပါ့။ ကေလးရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ ကြၽန္ေတာ္တို႔ ရန္ကင္းကေလး ေဆး႐ုံကိုပို႔ေပးခဲ့ပါတယ္" ဟု ျမန္မာ့ၾကယ္ျဖဴလူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
လက္ရွိတြင္ အဆိုပါကေလးငယ္အား ရန္ကင္းကေလးေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်၌ ငွေကျပ်ဘီလျံ (၁၉ဝဝ)ကျော် တိုးမြှင့်သုံးစွဲရန်လျာထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း