Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ

အေဝိုင်အီး (NSS) - အောက်တိုဘာ ၃

ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်ရှိ ဧကကွက်မြေများကို ပိုင်ဆိုင်ထားသူလုပ်ငန်းရှင်အချို့က ပြန်လည်ရောင်းထုတ်မှုများရှိနေပြီး ပတ္တမြားနဂါး ဦးနေဝင်းထွန်း အပါအဝင် အနည်းဆုံး(၁၀)ကွက်ထက်မနည်းရှိနေကြောင်း စီးပွားရေးအသိုင်းအဝိုင်းမှ ပြန်လည်သိရှိရသည်။ 


နိုင်ငံရေးပြဿနာများမဖြစ်ပေါ်မီကာလများအတွင်းက ပြည်လမ်းမပေါ်ရှိမြေကွက်များကို ပြန် လည်ရောင်းချသူ နည်းပါးလှသော်လည်း ယခုလပိုင်းများအတွင်း၌ ပြန်လည်ရောင်းချမှုများ မြင့်တက်လာ ခြင်းမျိုးဖြစ်ကြောင်း သတင်း ရင်းမြစ်အချို့က အတည်ပြုပြောကြားသည်။ ‘‘ပတ္တမြားနဂါး ကိုနေဝင်း ထွန်းရဲ့မြေကွက်ဆိုရင် ပြည်လမ်းမကြီး (၇)မိုင်နားမှာရှိတယ်။ နှစ်ဧကကျော်တယ်။ မကြာခင်ကမှ ပြန်ရောင်းထွက်သွားပြီလို့ သိရတယ်။ အဓိက ဘဏ်ကြွေးကြောင့်ပဲ’’ဟု စီးပွားရေးသတင်းရင်းမြစ်တစ်ဦးက NSS ကိုပြောသည်။ 

အဆိုပါမြေကွက်အတွက် တစ်စတုရန်းပေလျှင် ကျပ်(၁၈)သိန်းမှ သိန်း(၂၀) ကြား တန်ဖိုးဖြတ်၍ သတ်မှတ်ခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။ ဦးနေဝင်းထွန်း၏ နှစ်ဧကကျော်သော မြေကွက်အတွင်း၌ အထပ်မြင့်စီမံကိန်းကြီးတစ်ခုတည်ဆောက်သွားရန် စင်ကာပူကုမ္ပဏီတစ်ခုနှင့် လွန်ခဲ့သောဆယ်စုနှစ်ကတည်းက သဘောတူညီမှုရထားခဲ့ကြသည်ဟုဆိုသည်။ ‘စင်ကာပူကုမ္ပဏီက ပြန်ထွက် သွားတော့ လုပ်ငန်းကရပ်သွားတာ။ ပြည်လမ်းမပေါ်မှာ အဲဒီလိုမျိုး ဧကကွက်တွေ (၁၀)ကွက်ထက်မနည်း ပြန်ရောင်းနေ ကြတယ်။ ပြန်ဝယ်တဲ့သူလည်းရှိတယ်။ ဝယ်နိုင်တဲ့သူတွေ ရှိတယ်လေ’ဟု သတင်းရင်းမြစ်က ပြောသည်။ ပြည်လမ်းမကြီးပေါ်ရှိ မြေကွက်များ၏ ဈေးသည် တစ်စတုရန်းပေလျှင် ကျပ်သိန်း(၃၀)အထိ ခေါ်ဈေးရှိခဲ့ဖူးသော်လည်း အမှန်တကယ် ရောင်းချချိန်တွင် ကျပ်သိန်း(၂၀)ခန့်သာ အမြင့်ဆုံးရရှိကြသည်ဟု သိရသည်။ ဦးသန်းရွှေအစိုးရလက်ထက် ကတည်းက မြေဧကကွက်များကို ပိုင်ဆိုင်ထားကြသည့် အကြီးစားလုပ်ငန်းရှင် အများစုမှာ ထပ်ဆင့်ပြန်လည်ရောင်းချ ခြင်းများဖြင့် ပိုင်ဆိုင်မှုများ တိုးပွားခဲ့ကြသော်လည်း အဆိုပါမြေများအဆင့်ဆင့်ရောင်းချမှုမှ နိုင်ငံတော်က အခွန်အခ တိုးပွားရရှိခြင်းမျိုး နည်းပါးလှသည်။ လက်ရှိကာလ၌ ပြန်လည်ရောင်းချမှုများ ဖြစ်ပေါ်လာရခြင်းမှာ ဘဏ်ချေးငွေဖြင့် တန်ဖိုးကြီးမြေကွက်များကို ဝယ်ယူစုဆောင်းခြင်းများကြောင့် ဘဏ်ကြွေးပြဿနာများဖြစ် ပေါ်သည့်အပြင် မြေဈေးနှုန်း မတန်တဆကြီးမြင့်ခြင်းများ၊ နိုင်ငံတော်က အခွန်အခရရှိမှု ဆုံးရှုံးခြင်းများ၊ ဝယ်ယူထားသော မြေကွက်များပေါ်၌ မည်သည့်လုပ်ငန်းများမှမလုပ်ဘဲ ဈေးထိုင်ကစားနေခြင်းများကြောင့် နစကအစိုးရက သတိထားစောင့်ကြည့်လာမှုမှ မြစ်ဖျားခံလာခြင်းဟု သိရသည်။ 

‘ကုန်းမြင့်သာနောက်ဘက်ထဲက ခြံနဲ့မြေကွက်တွေလည်း ရောင်းနေတယ်။ သိန်း(၄၀ဝဝဝ)လောက် တန်တဲ့ အိမ်နဲ့ခြံကို သိန်း(၃၅၀ဝဝ)လောက်နဲ့ ရောင်းမယ်လို့ ဈေးခေါ်ထားတာတောင်ရှိတယ်’ဟု အခြားသောအိမ်ခြံမြေ သတင်းရင်းမြစ် တစ်ဦးကပြောသည်။ လွန်ခဲ့သောလပိုင်းအတွင်းကလည်း တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိမြေကွက်တစ်ခု ကို လုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ(၅)သန်းခန့်ဖြင့် ပြန်လည်ဝယ်ယူသွားသည့် ဖြစ်စဉ်များရှိခဲ့ပြီး ရန်ကုန်မြို့ရှိ အချို့သောလမ်းမကြီးပေါ်မှ မြေဈေးများမှာ ကမ္ဘာ့နာမည်ကြီးမြို့များ၏ မြေဈေးများနှင့် ယှဉ်နိုင်သည့်အနေအထားမျိုးတွင် ရှိနေကြောင်း ကြားသိရသည်။ အဆိုပါတန်ဖိုးကြီး မြေကွက်များကို နည်းလမ်းမျိုးစုံဖြင့် ငွေကြေးများ များစားစား ရရှိထားသူများက ဝယ်ယူစုဆောင်း၍ ပိုင်ဆိုင်မှုတန်ဖိုးမြှင့်ခြင်းများ လုပ်ဆောင်ကြသည်။ အထူးသဖြင့် ဝယ်ယူထားသော မြေကွက်များကို အမည်ပေါက်ပြောင်းခြင်းမလုပ်၊ စီမံကိန်းလည်း မဖော်ဆောင်သည့်အပြင် နိုင်ငံတော်အား အခွန်လည်း မဆောင်ဘဲ ဝယ်ရောင်းပုံစံမျိုးဖြင့် ကိုယ်ကျိုးစီးပွားတိုးတက်ရေးအတွက်သာ သုံးစွဲကြခြင်းမျိုးဖြစ် သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ

RELATED POSTS
RECENT POSTS
သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော
06 Nov 2024
‘‘တောင်ခမ်း (သို့မဟုတ်) သူပုန်သင်္ချိုင်း ”
06 Nov 2024
ယွမ်ထိုက်ယွမ် (သို့မဟုတ်) မြန်မာ့မြေ၌ တရုတ်ကို ထောက်လှမ်းသည့် ထိုင်ဝမ်ထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး
06 Nov 2024
အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရပြော
06 Nov 2024
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်
06 Nov 2024
ငွေလမ်းခင်းသော အမေရိကန်ရွေးကောက်ပွဲ အခင်းအကျင်းနှင့် နောက်ဆက်တွဲရလဒ်အပေါ် တိုးပွားလာသော စိုးရိမ်မှုများ
06 Nov 2024
ဖားကန့် တာမခန်၊ ဆယ်ဇင်း မီးလောင်ပြင်၌ အိမ်ပြန်ဆောက်ခွင့်မပြုဘဲ ကျောက်တူးရန် KIA စီစဉ်နေ
06 Nov 2024
Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြုဟု သရုပ် ဆောင် ရောဘတ်ဒေါင်နီ ဂျူနီယာပြော
06 Nov 2024
နေပြည်တော်ကို တိုက်ခိုက်ရန် ဦးတည်လာသည့် Fixed Wing (၃)စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့
06 Nov 2024
လွိုင်လင်မြို့နယ်တွင် TOYOTA CROWN ကားပေါ်မှ ငွေကျပ်သိန်း(၈၄၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
01 Nov 2024
စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
01 Nov 2024
မင်္ဂလာမရှိသော်လည်း လင်းတငှက်များကို သဘာဝပတ်ဝန်းကျင်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း အကြံပြု
01 Nov 2024
နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ
01 Nov 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
01 Nov 2024
အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
01 Nov 2024
ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ
31 Oct 2024
ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
31 Oct 2024
အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
31 Oct 2024
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
31 Oct 2024
ခွေး(၃၈)‌ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
31 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved