ဂျပန်တွင် အာဏာရပါတီ နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အသစ် ထွက်ပေါ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၉
ဂျပန်နိုင်ငံ၏အာဏာရပါတီဖြစ်သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) အစည်းအဝေး တွင် ပါတီခေါင်းဆောင်အသစ်ကို ရွေးချယ်ခဲ့ရာ ရှီဂီရူ အိုင်ရှီဘာသည် ပါတီခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံရပြီး ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။ဂျပန်ဝန်ကြီးချုပ် ဖြစ်သကဲ့သို့ (LDP) ပါတီခေါင်းဆောင်ဖြစ်သော ဖူမီအိုကီရှီဒါသည် ရာထူးမှနုတ်ထွက်ရန် အဆိုပြု ခဲ့သောကြောင့် (LDP) ပါတီသည်ခေါင်းဆောင် အသစ်ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အိုင်ရှီဘာ သည် ဂျပန် နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်းတစ် ဦးဖြစ်ခဲ့ပြီး (LDP) ပါတီခေါင်းဆောင်အသစ် ရွေးချယ်ပွဲ တွင် ဆာနေးတာကိုင်ချီနှင့် ယှဉ်ပြိုင်ခဲ့ရကြောင်းသိရသည်။
အိုင်ရှီဘာက “ ကျွန်တော့်အနေနဲ့ ပါတီရဲ့ပုံရိပ် နဲ့ ဂုဏ်သိက္ခာကို ပိုမိုကြီးမြတ်အောင်လုပ်ဆောင် မယ်။ ပါတီအတွင်းဖြစ်ပွားနေတဲ့ အခက်ခဲအတားဆီးတွေကို အဆုံးသတ်အောင်လုပ်ဆောင်မယ်။ ဂျပန် ပြည်သူတွေအပြင် နိုင်ငံပိုင်နက်၊ နယ်မြေတွေကို ကာကွယ်သွားမယ်” ဟု ပြောသည်။ အိုင်ရှီဘာ၏ ပြိုင်ဘက်ဖြစ်သူ ဆာနေးတာကိုင်ချီသည် စီးပွားရေးလုံခြုံမှုဆိုင်ရာ ဝန်ကြီးအဖြစ်တာဝန်ယူနေသူဖြစ်ပြီး ဂျပန်နိုင်ငံသမိုင်း တစ်လျှောက်ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာ မည့်သူအဖြစ်ရေပန်းစားနေ သူဖြစ်သည်။ (LDP) ပါတီသည် ခေါင်းဆောင်အသစ်ကိုရွေးချယ်လိုက် ခြင်းကြောင့် ဂျပန်ဝန်ကြီးချုပ် အဖြစ်တာဝန်ယူနေသည့် ဖူမီအိုကီရှီဒါနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည်လာမည့်ရက်ပိုင်းအတွင်း ရာထူးမှ နုတ်ထွက်ဖွယ်ရှိ နေကြောင်းသိရသည်။
အိုင်ရှီဘာက ပါတီခေါင်းဆောင်အသစ်နေရာတွင် စည်းရုံးရာ၌ နေတိုးမဟာမိတ်အဖွဲ့ကဲ့သို့ စစ်ရေး မဟာမိတ်အဖွဲ့စည်း အာရှတိုက်တွင်ဖြစ်လာစေရန် အပြင် အမေရိကန်နှင့်ဂျပန်နိုင်ငံကြား လုံခြုံရေး မဟာမိတ်စာချုပ်နှင့်ပတ်သက်ပြီး တန်းတူညီမျှ ရအောင်လုပ်ဆောင်မည်ဟု ကတိပြုပြောဆို ထားသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်ကိုအဆိုး ရွားဆုံးခံရသော နိုင်ငံများထဲတွင်ပါဝင်နေသည့် ဂျပန်နိုင်ငံကို သဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီ တည်ထောင်ပေးမည်ဟု အိုင်ရှီဘာက ကတိပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေကြောင်းဒဏ်နဲ့ MNDAA ရဲ့ ညည်းတွားသံ၊ ရန်ကုန်မှာ PDF ၁၂ ဦး ဖမ်းမိ၊ မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်းနေ၊ ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ၊ အာရှလမ်း ပြန်ဖွင့်ဖို့ ဆွေးနွေးနေ (၂၉-၉-၂ဝ၂၄)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ