ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
Pika (NSS) - စက်တင်ဘာ ၂၄
ယူကရိန်းသမ္မတဇီလန်စကီးက ၂ဝ၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်က စက်တင်ဘာလ(၂၃)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေဟာ ယူကရိန်းက ဒေါ်နယ်ထရမ့်ကို ပြန်လည်ကြိုဆိုလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့ ၎င်းရဲ့မိတ်ဖက်အချို့ပြောဆိုချက်တွေနဲ့တော့ ကွဲလွဲနေတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က"ဇီလန်စကီးက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအရောင်းသမားတစ်ဦးလို့ ကျွန်တော်ထင်ပါတယ်။ အမေရိကန်နိုင်ငံကို သူလာတဲ့အကြိမ်တိုင်း အမေရိကန်ဒေါ်လာ(၆၀)ဘီလျံလောက်နဲ့အတူ ပြန်ပြန်ထွက်သွားပါတယ်။ ဇီလန်စကီးက ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေပေမယ့် ကျွန်တော့်ဘက်ကလည်း အကောင်းဆုံးကြိုးပမ်းသွားမှာပါ။ငြိမ်းချမ်းရေးအတွက် ကျွန်တော်အကောင်းဆုံးဆက်လက်ကြိုးပမ်းသွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ပင်ဆယ်ဗေးနီးယားပြည်နယ် အနောက်ပိုင်းမှာ ကျင်းပတဲ့ မဲဆွယ်စည်းရုံးရေးပွဲတစ်ခုအတွင်းမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်တွေကို ဇီလန်စကီးနဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်တို့က ချက်ချင်းပြန်လည်တုံ့ပြန်မှတ်ချက်ပြုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် လာမယ့်နိုဝင်ဘာလ(၅)ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် ရုရှားသမ္မတပူတင်နဲ့ဇီလန်စကီးတို့ကို ဖုန်းခေါ်ဆိုပြီး သဘောတူညီချက်တစ်ခုရယူဖို့ တိုက်တွန်းသွားမယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်ဟာ လာမယ့်အောက် တိုဘာလ(၂၃)ရက်မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲမှာ ပါဝင်ဖို့အတွက် ကာမာလာဟားရစ်ရဲ့တောင်းဆိုမှုကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ