မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်ဒေသတို့၌ ဖြစ်ပေါ်နေဆဲ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် မေလအထိ ဖြစ်ပေါ်နိုင်ကြောင်း သတိပေး
မျိုးကြီး (NP News) - ဧပြီ ၈
မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်ဒေသတို့၌ ဖြစ်ပေါ်နေဆဲ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် လာမည့် မေလအထိ ဖြစ်ပေါ်နိုင်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတိပေးထားသည်။
နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ နစက၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဧပြီလ ၇ ရက်တွင် အထက်ပါကဲ့သို့ သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလတွင် မဲခေါင်ဒေသခွဲနိုင်ငံများ၌ မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများ များပြားလာပြီး ၂ဝ၂၃ ခုနှစ် မတ်လ ၂၃ ရက်မှစ၍ မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံတောင်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ဆိုသည်။
မဲခေါင်ဒေသခွဲတွင် လာမည့် မေလအထိ ပူးပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ်ပေါ်မည်ဟု ခန့်မှန်းထားပြီး မီးလောင်ကျွမ်းသည့်နေရာ (Fire Hotspot)ဖြစ်ပေါ်မှု မြင့်တက်မည်ဖြစ်သည့်အတွက် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် မေလအထိ ဖြစ်ပေါ်နိုင်ကြောင်း ဝန်ကြီးဌာနက သတိပေးထားသည်။
မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့၏ နယ်နိမိတ်တစ်လျှောက်၌ လက်ရှိဖြစ်ပေါ်နေသော နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြေရှင်းရန်အတွက် Fire Hotspot များကို မြေပြင်၌ ကွင်းဆင်းဆန်းစစ်ခြင်း၊ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းကို လေ့လာဆန်းစစ်ခြင်း၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ခြင်း၊ ငြှိမ်းသတ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။
ထို့ပြင် Fire Hotspot အန္တရာယ်လျော့နည်းရေးအတွက် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့်ပေါင်းစပ်ကာ စီမံချက်များရေးဆွဲခြင်း၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနက ဆိုသည်။
ဆက်လက်ပြီး နယ်စပ်တစ်လျှောက်၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုင်း၊ လာအိုနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆိုထားသည်။
zawgyi version
ျမန္မာ၊ ထိုင္း၊ လာအိုနယ္စပ္ေဒသတို႔၌ ျဖစ္ေပၚေနဆဲ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈသည္ ေမလအထိ ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပး
မ်ိဳးႀကီး (NP News) - ဧၿပီ ၈
ျမန္မာ၊ ထိုင္း၊ လာအိုနယ္စပ္ေဒသတို႔၌ ျဖစ္ေပၚေနဆဲ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈသည္ လာမည့္ ေမလအထိ ျဖစ္ေပၚႏိုင္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက သတိေပးထားသည္။
နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈႏွင့္ပတ္သက္၍ နစက၏ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ဧၿပီလ ၇ ရက္တြင္ အထက္ပါကဲ့သို႔ သတိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလတြင္ မဲေခါင္ေဒသခြဲႏိုင္ငံမ်ား၌ မီးေလာင္ကြၽမ္းမႈႏွင့္ မီးခိုးျမဴေငြ႕ျဖစ္ေပၚမႈမ်ား မ်ားျပားလာၿပီး ၂ဝ၂၃ ခုႏွစ္ မတ္လ ၂၃ ရက္မွစ၍ ျမန္မာႏိုင္ငံအေရွ႕ပိုင္း နယ္စပ္ေဒသမ်ားႏွင့္ထိစပ္ေနသည့္ ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ လာအိုႏိုင္ငံေတာင္ပိုင္းတို႔တြင္ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈ ျဖစ္ေပၚခဲ့ေၾကာင္း ေလ့လာေတြ႕ရွိရသည္ဟု ဝန္ႀကီးဌာနက ဆိုသည္။
မဲေခါင္ေဒသခြဲတြင္ လာမည့္ ေမလအထိ ပူးျပင္းေျခာက္ေသြ႕သည့္ ရာသီဥတုျဖစ္ေပၚမည္ဟု ခန႔္မွန္းထားၿပီး မီးေလာင္ကြၽမ္းသည့္ေနရာ (Fire Hotspot)ျဖစ္ေပၚမႈ ျမင့္တက္မည္ျဖစ္သည့္အတြက္ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈသည္ ေမလအထိ ျဖစ္ေပၚႏိုင္ေၾကာင္း ဝန္ႀကီးဌာနက သတိေပးထားသည္။
ျမန္မာ၊ ထိုင္း၊ လာအိုႏိုင္ငံတို႔၏ နယ္နိမိတ္တစ္ေလွ်ာက္၌ လက္ရွိျဖစ္ေပၚေနေသာ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈကို ေျဖရွင္းရန္အတြက္ Fire Hotspot မ်ားကို ေျမျပင္၌ ကြင္းဆင္းဆန္းစစ္ျခင္း၊ ျဖစ္ေပၚရသည့္အေၾကာင္းအရင္းကို ေလ့လာဆန္းစစ္ျခင္း၊ မီးေဘးအႏၲရာယ္တားဆီးကာကြယ္ျခင္း၊ ျငႇိမ္းသတ္ျခင္း၊ ျပန္လည္ထူေထာင္ျခင္းဆိုင္ရာလုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္႐ြက္သြားမည္ဟု ေၾကညာထားသည္။
ထို႔ျပင္ Fire Hotspot အႏၲရာယ္ေလ်ာ့နည္းေရးအတြက္ တိုင္းႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ားႏွင့္ေပါင္းစပ္ကာ စီမံခ်က္မ်ားေရးဆြဲျခင္း၊ အသိပညာေပးလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္းတို႔ကိုလည္း ဆက္လက္ေဆာင္႐ြက္သြားမည္ဟု ဝန္ႀကီးဌာနက ဆိုသည္။
ဆက္လက္ၿပီး နယ္စပ္တစ္ေလွ်ာက္၌ လက္ရွိျဖစ္ေပၚလ်က္ရွိေသာ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈကို ေျဖရွင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံအေနျဖင့္ ထိုင္း၊ လာအိုႏိုင္ငံတို႔ႏွင့္ပူးေပါင္းေဆာင္႐ြက္သြားမည္ဟု သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးမြစ်အတွင်း ရေယာဉ်(၁)စင်းမီးလောင်မှုဖြစ်ပွားပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ