လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
သန့်ဇင် (NSS) - စက်တင်ဘာ ၂ဝ
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေ ဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း NSS ကမေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
တပ်မတော်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်မှစတင်ကာ လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်ပြုလုပ်လာခဲ့ကြောင်း တွေ့မြင်ရသည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများကလည်း ၎င်းတို့အဓ္ဓမဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများတွင် တပ်မတော်၏ တန်ပြန် ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးပြုနေကြောင်း ရှမ်းပြည်မြောက်ပိုင်းတွင်နေထိုင်သူ NSS ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အခု လေကြောင်းတိုက်ခိုက်တဲ့နေရာတွေမှာက သူတို့အကြမ်းဖက်တွေကိုယ်တိုင်က ကိုယ်ယောင်ဖျောက်နေတာ။ အဲဒီမှာ ဒေသခံပြည်သူတွေကို ပြန်လာပါဆိုတာက ပြည်သူတွေကို ဒုက္ခတွင်းထဲပို့နေသလိုပေါ့။ နောက်တစ်ချက်က ပြည်သူနဲ့ ရောနှောပြီးတော့ နေထိုင်နေတယ်။ ပြည်သူအသွင်ဆောင်တယ်။ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေ၊ အထပ်မြင့်အဆောက်အအုံတွေမှာဝင်နေပြီးတော့ အလွယ်ပြောရရင် ပြည်သူတွေကို လူသားတံတိုင်းခေါ်တာပေါ့”ဟု ၎င်းက ပြောသည်။
ထို့ပြင် လားရှိုးမြို့ကိုလည်း ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်၊ နံနက်ပိုင်းက တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူထိခိုက်မှု မရှိခဲ့သော် လည်း နောက်လာမည့်လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားထိခိုက်မှုမဖြစ်ပေါ်စေရန် မြို့တွင်းပြန်လည်ဝင်ရောက် နေထိုင်ရန်မသင့်သေးကြောင်း လားရှိုးမြို့မှ စစ်ဘေးရှောင်သူအမျိုးသားတစ်ဦးက NSS သို့ သုံးသပ်ပြောကြားသည်။
“မဖြစ်မနေနေမှ အဆင်ပြေမယ့်လူတွေက မြို့ထဲပြန်နေလို့ ထိသွားရင်တော့ စိတ်မကောင်းစရာပေါ့ဗျာ။ ဒါပေမဲ့ တပ်အနေနဲ့ကတော့ ပြန်လုပ်စေချင်ပါတယ်။ ဒေသခံတွေ မထိခိုက်အောင်ဆိုရင် လေယာဉ်တစ်ခုတည်းနဲ့မရဘူးပေါ့။ လေယာဉ်နဲ့ကတော့ သူတို့ကစုပြီး နေတာမဟုတ်တော့ အဆောက် အအုံတွေပျက်စီးပြီး ထိခိုက်တာတော့ နည်းမှာပေါ့။ အဲဒါကြောင့် အထိအ ခိုက်အနည်းဆုံး ပုံစံနဲ့လုပ်မှရမယ်။ ကျွန်တော်တို့ကတော့ အခုလားရှိုးမှာသူတို့ အုပ်ချုပ်မှုအောက်မှာမနေနိုင်ဘူး”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက် နံနက်ပိုင်းကလည်း ရှမ်းပြည်နယ်၊ နမ့် ခမ်းမြို့တွင် TNLA လက်နက်ကိုင်များ ရောက်ရှိစိမ့်နေသည့် နေရာကို တပ်မ တော်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပြည်ပရောက်မီဒီယာများ၏ ဖော်ပြရေးသားထားချက်များမှာမူ အရပ်သားသေဆုံးမှုများကိုသာ အဓိကထားဖော်ပြ ရေးသားခဲ့ကြောင်းကို တွေ့မြင်ခဲ့ရသည်။
ရန်သူသိမ်းပိုက်ထားသည့် နယ်မြေများဖြစ်သွားပါက တန်ပြန်တိုက်ပွဲများပြန်လည်ဖော်ဆောင်ရာတွင် ဘေးထွက်ဆိုးကျိုးအနေဖြင့် အရပ်သားသေဆုံးမှုရှိနိုင်ကြောင်းလည်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပြောကြားသည်။ “အဲဒီတော့ ဒီနေရာမှာ ရန်သူသိမ်းပိုက်ထားပြီ။ ဒီနေရာဟာ စစ်အုပ်ချုပ်ရေးကြေညာထားပြီဆိုရင် အဲဒီနေရာမှာ လူတွေကျန်နေခဲ့မယ်ဆိုရင်တောင် အာမခံချက်ပေးဖို့မလွယ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ စစ်အုပ်ချု်ရေးကြေညာထားပြီးသားလည်းဖြစ်တယ်။ အဲဒီနေရာကို အချိန်မရွေး စစ်ဘက်ဆိုင်ရာ အရေးယူမှုတွေ ကြိုက်သလိုလုပ်နိုင်တယ်ဆိုတဲ့ သဘောတ ရားပဲ။ အဲဒါကိုတော့ ဥပဒေပိုင်းဆိုင်ရာ သဘောပေါက်ဖို့ လိုအပ်တယ်။ အမြဲတမ်း လက်နက်ကိုင်ပဋိအက္ခတွေဖြစ်နေတဲ့ အမြဲတမ်း အချိန်မရွေးထပြီးတော့ တိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်နိုင်တဲ့အနေအထားမျိုးမှာ အထူးသဖြင့် အဲဒီနေရာမှာနေတဲ့လူတိုင်းကတော့ ပိုပြီးတော့ သတိရှိဖို့လိုအပ်ပါတယ်။ လက်နက် ကိုင်အဖွဲအစည်းတွေ အရပ်သားအများစုရှိတဲ့နယ်မြေကိုအခြေခံပြီးတော့ လက်နက်ကိုင်ပုန်ကန်မှုလုပ်နေသ၍ အဲဒီနယ်မြေဟာ အခြေခံ နယ်မြေလို့ သတ်မှတ်ထားသ၍ အရပ်သားထိခိုက်သေဆုံးမှုဆိုတာ ဘယ်လိုမှရှောင်လွဲလို့ရမှာမဟုတ်ပါဘူး”ဟု ၎င်းကပြောထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ရောက်ရှိနေစဉ် အကြမ်းဖက် သောင်းကျန်း သူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင် ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများ အနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ