Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား

Pika (NSS) - စက်တင်ဘာ ၁၉ 

မှတ်ဉာဏ်အလွန်ကောင်းသော အိန္ဒိယအမျိုး သားတစ်ဦးသည် Euler နံပါတ် ဂဏန်းပေါင်း (၁၄၀ဝဝ)ကို အချိန်(၄၉)မိနစ်အတွင်းရွတ်ပြခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။ Deepu V ဆိုသည့်အမျိုးသားသည် ကိန်းဂဏန်းများကို စွဲစွဲမြဲမြဲမှတ်နိုင်သော မှတ်ဉာဏ်ရှိကြောင်းလည်းသိရသည်။ 


ယခင်က ၎င်းသည် pi  နံပါတ်ဂဏန်းပေါင်း(၂)ထောင်ကို ရွတ်ဆိုပြခဲ့ပြီး နောက် နိုင်ငံစံချိန်တစ်ခုကို တင်နိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ၎င်းသည် တယ်လီဖုန်းနံပါတ်(၅၀ဝ)ခန့်ကို ၎င်း၏မှတ်ဉာဏ်တွင် ထည့်သွင်းမှတ်သား ထားနိုင်ကြောင်းလည်းDeepu V က ပြောကြားခဲ့ သည်။ သို့သော်လည်း ၎င်းသည် Eulerနံပါတ်များ နှင့်ပတ်သက်သည့် ဂင်းနစ်စံချိန်အကြောင်းကို ကြားသိခဲ့ရပြီးနောက် ယခုကဲ့သို့ကြိုးပမ်းရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

အဆိုပါကြိုးပမ်းမှု အတွက် ၎င်းသည်အချိန်(၄)လခန့်ကြာအောင် ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပြီး ယခင်စံချိန်ဖြစ်သည့် ဂဏန်းပေါင်း(၁၀၁၂၂)လုံး ရွတ်ပြနိုင်ခဲ့သူကို ကျော်တက်နိုင်ရန်အတွက် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရကြောင်းလည်းသိရသည်။ နကူန နံပါတ် သည် (၂ . ၇၁၈၂၈)ဖြင့်စတင်ပြီး  ၎င်း၏နောက် တွင် ဒဿမဂဏန်းအတွဲပေါင်းများစွာရှိကြောင်း လည်းသိရသည်။ Deepu V သည် အဆိုပါဂင်းနစ် စံချိန်ကိုတင်နိုင်ရန် ကြိုးပမ်းစဉ်အချိန်အတွင်း လိမ်လည်မှုမရှိကြောင်းသေချာစေရန်အတွက် နားများကို စစ်ဆေးခံခဲ့ရပြီး မျက်လုံးများကိုလည်း အဝတ်စဖြင့် စည်းထားခဲ့ရကြောင်းသိရသည်။ 

အသက်(၃၃)နှစ်အရွယ် Deepu V  က"ဇယားတစ်ခုမှာ ကော်လံ (၁၀)ခုနဲ့ အတန်း(၂၀)ခုပါရှိပါတယ်။ ကော်လံတစ်ခုစီ တိုင်းမှာ ဂဏန်း(၅)လုံးစီထည့်သွင်းထားပြီး အတန်းပြည့်တစ်ခုရဲ့ ကော်လံတစ်ခုစီမှာ ဂဏန်း ပေါင်း(၅၀)ရှိပါတယ်။ ပြီးတော့ စာမျက်နှာတစ်ခုမှာ အတန်း(၂၀)နဲ့အတူ စုစုပေါင်းဂဏန်းအလုံးရေ(၁)ထောင်ရှိပါတယ်။ အဲဒီလိုစာမျက်နှာပေါင်း(၁၄)ခုနဲ့အတူ ဂဏန်းပေါင်း(၁၄၀ဝဝ)ကို ကျွန်တော်ရွတ် ဆိုပြနိုင်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။ Deepu V က ၎င်းသည် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တစ်ရက်လျှင်ဂဏန်းပေါင်း(၂၅၀)ကို အလွတ်ကျတ် မှတ်ခဲ့ကာ အချိန်(၄)လခန့် ပြင်ဆင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထို့နောက်Deepu V သည် နကူနမ နံပါတ် ဂဏန်းပေါင်း(၁၄၀ဝဝ)ကို အချိန်(၄၉)မိနစ်အတွင်း အောင်မြင်စွာရွတ်ပြခဲ့ပြီးနောက် ယခုကဲ့သို့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved