ထိုင်ဝမ်အရှေ့မြောက်ဖက်ရေပြင်ကို တရုတ်လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့တပ်ဖွဲ့ ဖြတ်ကျော်ဝင်ရောက်
Pika (NSS) - စက်တင်ဘာ ၁၈
Liaoning လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တရုတ်ရေတပ်ဖွဲ့ဟာ စက် တင်ဘာလ(၁၈)ရက်နေ့မှာ ထိုင်ဝမ်အရှေ့မြောက်ဘက်ရေပြင်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံ Yonaguni ကျွန်းရဲ့ အရှေ့တောင်ဘက်ကို ဦးတည်သွားခဲ့တယ်လို့ ထိုင်ဝမ်အစိုးရက ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "တရုတ်လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ ရေတပ်က အရှေ့မြောက်ဘက်ရေပြင်ကို ဖြတ်ကျော်ဝင်ရောက်ချိန်အတွင်း ထိုင်ဝမ်တပ်ဖွဲ့တွေက အခြေအနေတွေကိုစောင့်ကြည့်ပြီး တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
စက်တင်ဘာလ(၁၇)ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ အမေရိကန်လေယာဉ်တစ်စင်းကို တရုတ်စစ်တပ်က ခြေရာခံလိုက်ပြီး နိုင်ငံပိုင်အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုဖြတ်သန်းသွားလာမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူလီရှီ က "စက်တင်ဘာလ(၁၇)ရက်နေ့မှာ အမေရိကန်ရဲ့ P-8A ကင်းလှည့်လေယာဉ်တစ်စင်းက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့လုံခြုံရေးအပြင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပြတ်ပြတ်သားသားကာကွယ်ဖို့အတွက် အမြင့်ဆုံးသတိပေးချက်အဆင့်မှာ အမြဲတမ်းရှိနေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ယခင်က ထုတ်ပြန်ပြောခဲ့ဖူးပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို လုပ်ဆောင်နေမှုနဲ့အတူ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်လေယာဉ်တွေသင်္ဘောတွေဖြစ်တဲ့ Liaoning နဲ့ Shandonတို့ဟာ ထိုင်ဝမ်ရေလက်ကြားကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားလာခဲ့ဖူးတယ်လို့သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်ကုန်း ချောင်းခြားရွာက ရေဘေးအလှူ အစာအဆိပ်သင့်မှု၊ ဘယ်သူအစိုးရလဲဆိုတာ ပိုပေါ်လွင်လာတဲ့ ရေဘေးကူညီမှုနဲ့ စနစ်တကျ တွက်ချက်ဖို့ လိုအပ်မှု၊ TNLA ရဲ့ လူမှုရေး ခွဲခြားဖိနှိပ်တဲ့ နောက်ထပ် လုပ်ရပ်တစ်ခု၊ မြိတ်ဒေသမှာ စစ်ရေးဖော်ဆောင်မယ်ဆိုတဲ့ NUG (၁၈-၉-၂ဝ၂၄)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ