ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၆
ရုရှားအစိုးရသည် ဗြိတိန်သံတမန် (၆)ဦးကို နှင်ထုတ်လိုက်ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဝန် ဆောင်မှုအဖွဲ့ (FSB) အဖွဲ့က သတင်းထုတ်ပြန်ထား သည်။ ဗြိတိန်နိုင်ငံသည် ရုရှားနိုင်ငံ၏တည်ငြိမ်မှုများ ထိခိုက်စေရန်နှင့် ကမ္ဘာတစ်ဝန်းတင်းမာမှုများဖြစ်လာ စေရန် ကြိုးပမ်းမှုများတွင်ပါဝင်နေကြောင်း (FSB) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ (FSB) အဖွဲ့က 'ကျွန်တော်တို့ ရရှိထားတဲ့စာရွက်စာတမ်း အထောက်အထားတွေအရ ဗြိတိန်ဟာ နိုင်ငံတကာမှာ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေ တင်းမာအောင် လုပ်ဆောင်နေတယ်။ ရုရှားနိုင်ငံမှာတည်ငြိမ်မှုမဖြစ်အောင် အဖျက်အမှောက်လုပ်ရပ်တွေလုပ်ခဲ့တယ်'ဟုပြောသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့ဥရောပနှင့် အာရှတိုက်အလယ်ပိုင်း ညွှန်ကြားရေးမှူးသည် ယူကရိန်းနှင့်ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရုရှားနိုင်ငံကို ဆန့်ကျင်စေရန် အထူးဝန်ဆောင်မှုအဖွဲ့များ စေလွှတ်ခဲ့ကြောင်း ရုရှားဘက်ကပြောသည်။ ဗြိတိန်သည် ရုရှားနိုင်ငံအပေါ် ရန်လိုသောလုပ်ရပ် များလုပ်ဆောင်လာနေကြောင်း၊ ထို့အတွက်ကြောင့် မော်စကိုမြို့ရှိ ဗြိတိန်သံရုံး၏နိုင်ငံရေးဌာနမှ သံတမန် (၆)ဦးကို သံတမန်အဖြစ် အသိအမှတ်ပြုမှုများကို ရပ် စဲလိုက်ကြောင်း FSB အဖွဲ့ကပြောသည်။ ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာ ခါရိုမာက ရုရှားနိုင်ငံအတွင်းရှိ ဗြိတိန်သံတမန်များ သည် ရုရှားပြည်သူများထိခိုက်နစ်နာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းများရှိနေကြောင်း ပြောဆိုထားသည်။
အဆိုပါ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ဗြိတိန်အာဏာပိုင်များက တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ ရုရှားနှင့် ဗြိတိန်နိုင်ငံကြားဆက်ဆံရေး သည် ယူကရိန်းနှင့် ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်းသိရသည်။ ဗြိတိန်သည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူ ညီထောက်ပံ့ပေးသည့်အပြင် ယူကရိန်းလေယာဉ်မှူးများကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေဘေးသင့်ပြည်သူများအရေး ရှေ့ထွက်လာကြသူများနှင့် နောက်ဆုံးရအခြေအနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ