မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
Htay Oung (NSS) - စက်တင်ဘာ ၁၆
ယခုလမှစတင်ပြီး ဂြိုဟ်သိမ်ငယ်တစ်ခုဟာ ကမ္ဘာမြေကို လှည့်ပတ်သွားလာနေမှာဖြစ်ပြီး နေအဖွဲ့အစည်းရဲ့အခြားတစ်နေရာသို့ ပြန်လည်မထွက်ခွာမီအထိ ကျွန်ုပ်တို့အတွက် လက်ရှိမြင်တွေ့နေရတဲ့ လအပြင် နောက်ထပ်ဂြိုဟ်ရံ လအသေးစားတစ်စင်းကို ပိုင်ဆိုင်ရသလို ရှိမှာဖြစ်ကြောင်း စပိန်နိုင်ငံ “ယူနီဗာစီဒတ်ကွန်ပလူတင့် ဒီမက်ဒရစ်”တွက်ချက်မှုဆိုင်ရာ တက္ကသိုလ်ဂြိုဟ်သိမ်ဂြိုဟ်မွှားလေ့လာရေး သုတေသီ နှစ်ဦးက ပြောဆိုတယ်လို့ Phys Org က စက်တင်ဘာလ ၁၃ ရက်တွင် ရေးသားပါတယ်။
2024 PT5 အမည်ရှိ ဂြိုလ်သိမ်ငယ်ရဲ့ ကမ္ဘာမြေထံ ပုံမှန်ချဉ်းကပ်လာနေပုံနဲ့ နီးကပ်လာပုံတို့ရဲ့ တွက်ချက်မှု ရလဒ်ကို အဆိုပါပညာရှင်များက AAS ဂျာ နယ်မှာ သုတေသနမှတ်ချက်အဖြစ် ရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရပါတယ်။
နေမိသားစုမှာ နေမှစတင်ရေတွက်လျှင် စတုတ္ထမြောက်ဖြစ်တဲ့ အင်္ဂါဂြိုဟ်နဲ့ ပဉ္စမမြောက် ကြာသပတေးဂြိုဟ် အကြားရှိ ဂြိုဟ်သိမ်ခါးပတ်အတွင်း ပုံမှန်အားဖြင့် နေကိုလှည့်ပတ်နေတဲ့ ကျောက် သို့မဟုတ် သတ္တုပစ္စည်းအ စိုင်အခဲများ ရှိနေပါတယ်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ လမ်းခင်း ကျောက်စရစ်ခဲအရွယ် အချင်း မီတာ အနည်း ငယ်မှ ကီလိုမီတာ ရာနဲ့ချီတဲ့အထိ အရွယ်အစား ကွဲပြားနိုင်ပါတယ်။ ယေဘူယျအားဖြင့် အရွယ်အစားနဲ့ ပါဝင် သြဂဲနစ်ပစ္စည်အပေါ် ပေါင်းစပ်မှုအပေါ် မူတည်ပြီး Meteors ဥက္ကာခဲ သို့မဟုတ် Asteroid ဂြိုဟ်သိမ်ဂြိုဟ်မွှားလို့ သတ်မှတ်ကြပါတယ်။
ချဉ်းကပ်လာတဲ့ ဥက္ကာခဲတွေဟာ အမြီးသဖွယ် အလင်းတန်းများ ထွက်ပေါ်လာတဲ့အခါ “ကြယ်တံခွန်” သို့မဟုတ် “ဥက္ကာပျံ” တယ်လို့ ခေါ်ကြပါတယ်။ ဥက္ကာခဲအချို့ဟာ ကမ္ဘာ့ဆွဲငင်အားကြောင့် ကမ္ဘာပေါ်ကို မကျရောက်မီ ခေတ္တမျှ အလင်းတန်းများဖြစ်ပေါ်တဲ့အခါ “ကြယ်ကြွေ” တယ်လို့ ပြောကြပါတယ်။
ကနဦး သုတေသနပြုချက်များအရ ဂြိုဟ်သိမ်ဂြိုဟ်မွှားအများအပြားတို့ဟာ အာကာသအတွင်း နောက်ဆုံး လုံး၀ လွင့်ထွက်သွားခြင်းမတိုင်မီ ကမ္ဘာမြေအား ဘဲဥပုံအပြည့် သို့မဟုတ် တစ်စိတ်ပိုင်းပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၂၀၀၆-ခုနှစ်က ဂြိုလ်သိမ်ငယ်တစ်ခုဟာ ကမ္ဘာကို တစ်နှစ်ခန့်ကြာအောင် လှည့်ပတ်နေခဲ့ပြီး အခြား တစ်ခုကတော့ ၂၀၂၀-ခုနှစ် ပြန်လည်ထွက်ခွာခြင်း မတိုင်မီ နှစ်အတော်ကြာအောင် ကမ္ဘာကို လှည့်ပတ်နေခဲ့ပါတယ်။
ကမ္ဘာမြေအား ဝင်ဆောင့်မိဖွယ်ရှိတဲ့ ဂြိုဟ်သိမ်ဂြိုလ်မွှားတို့ရဲ့ အန္တရာယ်ကို သတိပြုစောင့်ကြည့်နေကြတဲ့ သိပ္ပံပ ညာရှင်တွေဟာ အဲ့ဒီ ဂြိုလ်သိမ်ငယ်လေးကို လွန်ခဲ့တဲ့လမှာ တွေ့ရှိခဲ့ပြီး ခြင်းဖြစ်ပါတယ်။ ကနဦး သုတေသနပြု ချက်များအရ အဲ့ဒီဂြိုလ်သိမ်ငယ်လေးဟာ သူ့ရဲ့ဆွဲငင်အားနဲ့ ကမ္ဘာမြေကို ဝင်တိုက်မိလောက်တဲ့ လမ်းကြောင်း ပေါ်မှာတော့ ရှိမနေဘူးလို့ သိရှိရပါတယ်။ ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် အချိန်ကာလတစ်ခုသာ လှည့်ပတ်နေ လိမ့်လို့ ယူဆရပါတယ်။
ဂြိုဟ်သိမ်ငယ်ဟာ အရွယ်အစားသေးငယ်ပြီး ကန့်လန်ဖြတ်အကျယ် ၁၀ မီတာသာ ရှိကြောင်း သုတေသီ များက မှတ်ချက်ပြုခဲ့ကြပါတယ်။ သူ့ရဲ့ လက်ရှိအရွယ်အစား၊ အမြန်နှုန်းနဲ့ လမ်းကြောင်းတို့ကို သတိပြုစောင့် ကြည့်ပြီး နောင်လာမည့်လအနည်းငယ်အတွင်း ဖြစ်ပေါ်လာမယ့်လမ်း ကြောင်းကို တွက်ချက်နိုင်ပါတယ်။ လအနည်းငယ်ကြာလျှင် ဂြိုလ်သိမ်ငယ်ကို ကမ္ဘာက ဆွဲငင်အားဖြင့် ချည်နှောင်ထားနိုင်လောက်အောင် နီးကပ်လာ မှာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဂြိုလ်သိမ်ငယ်ဟာ ဒီလကုန်မှာ စတင်ပြီး ၅၃ ရက်ကြာ တစ်ကြိမ် ကမ္ဘာကို လှည့်ပတ်ပြီး နိုဝင်ဘာလလယ်လောက်မှာ ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်း ပြသနေပါတယ်။
ယခုလို လားရာလမ်းကြောင်းကို မှတ်သားခြင်းအားဖြင့် သုတေသီများအနေနဲ့ ဂြိုလ်သိမ်ငယ် စတင်ဖြစ်ပေါ်လာတဲ့ ဇစ်မြစ်ကိုလည်း ခန့်မှန်းနိုင်ခဲ့ပါတယ်။ ကမ္ဘာနဲ့ ခပ်ဆင်ဆင်တူတဲ့ နေပတ်လမ်းကြောင်းအတော်များများ ကို ပိုင်ဆိုင်ထားပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားများစွာဖြင့် ဖွဲ့စည်းထားတဲ့ Arjuna “အာဂျူးနားဂြိုဟ်သိမ်ခါးပတ်” မှ ဆင်းသက်လာဖွယ်ရှိကြောင်း တွေ့ရှိကြပါတယ်။ ရွေ့လျားနေစဉ် ကမ္ဘာအနီးရောက်ရှိတဲ့အခါ ဆွဲငင်အား ကြောင့် တစ်ကြိမ်လှည့်ပတ်ပြီး ပြန်ထွက်သွားမှာဖြစ်ကြောင်း၊ အဲ့ဒီကာလမှာ ကမ္ဘာမြေအတွက် လက်ရှိ ဂြိုလ်ရံ ဖြစ်တဲ့ လကမ္ဘာအပြင် နောက်ထပ် လအငယ်စားတစ်စင်းကို ပိုင်ဆိုင်ရသလို ဖြစ်လာကြောင်း သိပ္ပံပညာရှင်များက ရှင်းပြထားပါတယ်။
(Phys Org., 13 September 2024,” Earth to have new mini-moon for two months” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ