တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
ရောင်နီ (NSS) - စက်တင်ဘာ ၁၆
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ တိုင်ဖွန်းမုန်တိုင်း ဘီဘီကာရဲ့လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှု တွေအတွက် အာဏာပိုင်တွေက ကာကွယ်ရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်နေပြီး ရှန်ဟိုင်းမြို့ရဲ့ အဓိက လေဆိပ် နှစ်ခုရဲ့လေကြောင်းခရီးစဉ်အားလုံးကိုလည်း တနင်္ဂနွေ (စက်တင်ဘာ ၁၅ ရက်) မှာ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဘီဘီကာ ဟာ တနင်္ဂနွေည(စက်တင်ဘာ ၁၅ ရက်) မှ တနင်္လာနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက် ကြား တရုတ်နိုင်ငံ၊ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းသတင်းကြောင့် ရှန်ဟိုင်းမြို့ရဲ့အဓိကလေဆိပ်နှစ်ခုမှာ လေယာဉ်ခရီးစဉ်အားလုံးကို တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီကစပြီး ဖျက်သိမ်းမယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဆိုပါတယ်။
ဒါအပြင် တိုင်ဖွန်းမုန်တိုင်း ဘီဘီကာ သတင်းကြောင့် ရှန်ဟိုင်းရှိ Pudong နဲ့ Hongqiao လေဆိပ်တွေမှာလည်း ခရီးသွားလာမှုတွေ လျော့ပါးသွားခဲ့တယ်လို့ သိရပါတယ်။ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ဝဘ်ဆိုဒ်မှာလည်း တနင်္ဂနွေ နေ့ (စက်တင်ဘာ ၁၅ ရက်) ညနေပိုင်းက ရှန်ဟိုင်းကို ပျံသန်းမယ့် လေယာဉ်ခြောက်စင်း ဖျက်သိမ်း လိုက်ကြောင်း ဖော်ပြထားပါတယ်။
ဘီဘီကာတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် တနင်္ဂနွေနေ့(စက်တင်ဘာလ ၁၅ ရက်) နဲ့ အင်္ဂါနေ့ (စက်တင်ဘာလ ၁၇ ရက်ကြား) မှာ ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အလွန်ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းများ ကျရောက်ခြင်း တို့ဖြစ်နိုင်တယ်လို့ China's emergency management ministry က သတိပေးထားပါတယ်။
ဒါကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားနိုင်တဲ့ အဓိကနေရာတွေမှာ တိုင်ဖွန်းမုန်တိုင်းထိန်းချုပ်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ဖို့ စနေနေ့(စက်တင်ဘာ ၁၄ ရက်) က တာဝန်ရှိသူတွေ စုစည်းပြီး အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ရေအရင်းအမြစ်ဝန်ကြီးဌာနက ရှန်ဟိုင်း၊ ဂျင်ဆု၊ ကျဲကျန်းနဲ့ အန်ဟိုင်းပြည်နယ်တွေမှာ ရေလွှမ်းမိုးမှုအတွက် အနိမ့်ဆုံးအဆင့် အရေးပေါ်တုံ့ပြန်မှုအဆင့် (၄) ကို စနေနေ့(စက်တင်ဘာ ၁၄ ရက်) က စတင်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ