"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
Pika (NSS) - စက်တင်ဘာ ၁၆
ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Truth Socialမှာ "I HATE TAYLOR SWIFT!" ဆိုတဲ့ ပို့စ်တစ်ခုကို တင်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အဲဒီပို့စ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးထားတာမျိုး ဒါမှမဟုတ် ရှင်းပြထားတဲ့စာသားမျိုးတော့ မပါဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဖ်ဟာ အမေရိကန်သမ္မတ အဖြစ် ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟားရစ်ကို ထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ပို့စ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
စက်တင်ဘာလ(၁၀)ရက်က ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟားရစ်တို့ကြား စကားစစ် ထိုးပွဲလုပ်ဆောင်ခဲ့ပြီးနောက် တေလာဆွစ်ဖ်က ကာမာလာဟားရစ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ တာဖြစ်ပါတယ်။ ဒါ့ပြင် တေလာဆွစ်ဖ်ဟာ ကာမာလာဟားရစ်ကို တည်ငြိမ်ပြီး ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင် တစ်ဦးအဖြစ် ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
တေလာဆွစ်ဖ်က "ကျွန်မ ကာမာလာဟားရစ်ကို ထောက်ခံမဲပေးသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ၎င်းက လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေတယ်လို့ ကျွန်မယုံကြည်လို့ပါပဲ။ ကာမာလာဟားရစ်က တည်တည် ငြိမ်ငြိမ်နဲ့ ဦးဆောင်သွားမယ်ဆိုရင် အမေရိကန်နိုင်ငံက ဒီထက်ပိုပြီး တိုးတက်အောင်မြင်လာနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်" လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ တေလာဆွစ်ဖ်ကို တိုက်ခိုက်တဲ့စာသားမျိုး တင်ရလဲ ဆိုတဲ့အချက်ကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ