အိပ်မက်တံတားလို့ လူသိများကြတဲ့ တရုတ်နိုင်ငံမှ Shiziguan ရေပေါ်တံတား
Pika (NSS) - စက်တင်ဘာ ၁၄
တရုတ်နိုင်ငံရှိ အိပ်မက်တံတားဟု လူသိ များသော Shiziguan ရေပေါ်တံတားသည် အလေး ချိန်(၂ ဒသမ ၈)တန်ထိရှိသော ကားများပါမောင်းနှင် နိုင်သည့် အရှည်မီတာ(၄၀ဝ)ရှိ တံတားဖြစ်ပြီး Qingjiang မြစ်ပေါ်တွင် ဖြတ်ကာ တည်ဆောက်ထားသော တံတားဖြစ်သည်။
Hubei ပြည်နယ် အန်ရှီ စီရင်စုတွင်ရှိသော သစ်တောဖုံးလွှမ်းသော တောင်တန်းများကြားတွင် တည်ရှိသည့် Shiziguan ရှုခင်းသာနေရာသည် တရုတ်နိုင်ငံတွင် ဆွဲဆောင်မှုအရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း အခြားထင်ရှားသော ရှုခင်းများနှင့် မတူကွဲပြားသည်မှာ ရေပေါ်တွင် တည် ဆောက်ထားသော တံတားပေါ်တွင် ကားမောင်းရင်း အလှအပများကို ခံစားကြည့်ရှုခြင်းဖြစ်သည်။ ကွေ့ ကောက်မှုများမရှိစေရန်အတွက် ဂျာမနီနည်းပညာ ကို အသုံးပြုထားသော Shiziguan ရေပေါ်တံတား သည် (၂၀၁၆)ခုနှစ်တည်းက စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါတံတားကိုဖြတ်မောင်းစဉ် အချိန် အတွင်း ပိုမိုတည်ငြိမ်စေရန်အတွက် သိပ်သည်းဆ မြင့်သော polyethylene floats များကို အသုံးပြု ထားပြီး ယာဉ်မောင်းများအနေဖြင့် ကန့်သတ် ထား သော အရှိန် တစ်နာရီလျှင်(၂၀)ကီလိုမီတာကို လေးစားလိုက်နာပါက နူးညံ့သိမ်မွေ့သော ရွေ့လျား မှုများကို ခံစားရမည်ဖြစ်ကြောင်း တည်ဆောက်သူများ ကပြောကြားခဲ့သည်။ စတင်ဖွင့်လှစ်ခဲ့သည်မှာ အချိန် (၈)နှစ်ကျော်ကြာပြီဖြစ်သော်လည်း Shiziguan ရေပေါ်တံတားသည် Shiziguan ရှုခင်းသာနေရာ ၏ အဓိကဆွဲဆောင်မှုနေရာတစ်ခုဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတစ်ဝန်းရှိလူများသည် သဘာဝရှုခင်းများကို ခံစားနေချိန်အတွင်း ရေပေါ် တွင် ကားမောင်းရသည့် အတွေ့အကြုံကိုရယူရန် အတွက် အဆိုပါရှုခင်းသာနေရာကို လာရောက်လည်ပတ်လေ့ရှိကြောင်းသိရသည်။ အဆိုပါ Shiziguan ရေပေါ်တံတားသည် တစ်လမ်းသွားရန်အတွက် လုံ လောက်သော အကျယ်အဝန်းရှိသော်လည်း မတော် တဆမှုများ ဖြစ်ပွားနိုင်သေးကြောင်း ပညာရှင်များက ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာပေါ်မှာ အလှဆုံးနိုင်ငံလို့ သတ်မှတ်ခံထားရတဲ့ ကျွန်းနိုင်ငံငယ်လေး နယူးဇီလန်အကြောင်း (ဗဟုသုတဆောင်းပါး)
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ