နာမည်ကျော်ရုပ်ရှင်စီးရီးကြီး Game Of Thrones မှာ ပါဝင်ခဲ့တဲ့ ပစ္စည်းပေါင်း(၂)ထောင်ကျော်ကို လေလံတင်ရောင်းချမည်
Pika (NSS) - စက်တင်ဘာ ၁၃
(၂၀၁၁) ခုနှစ်တွင် စတင်ထွက်ရှိခဲ့ကာ (၂၀၁၉) ခုနှစ်တွင် ပြီးဆုံးခဲ့သော နာမည်ကျော်ရုပ်ရှင်စီးရီး ကြီးဖြစ်သည့်Game Of Thrones ၏ ဝတ်စုံများ၊ အခြားပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကို ပရိသတ်များအနေဖြင့် လေလံဆွဲကာရယူနိုင်တော့ မည်ဖြစ်ကြောင်းသိရသည်။
Game Of Thrones စီးရီးတွင်ပါဝင်သည့် Iron Throne အပါအဝင် အခြားပစ္စည်းပေါင်း(၂၀ဝဝ)ကျော်ကို လာမည့် အောက်တိုဘာလတွင် စတင်ကာလေလံတင် ရောင်း ချပေးတော့မည်ဖြစ်သည်။ ဇာတ်ကောင် Jaime Lannister ၏ ချပ်ဝတ်တန်ဆာအပြည့်အစုံနှင့်ဓား ကဲ့သို့သော အထင်ကရပစ္စည်းများအတွက် အမေ ရိကန်ဒေါ်လာ(၅၀ဝ)မှ (၂)သောင်းအတွင်း ဈေးခေါ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင် ရုပ်ရှင်သရုပ်ဆောင်အမ်မီလီယာကလာ့ခ်ဝတ်ဆင်ခဲ့သော ဇာတ်ကောင် Daenerys Targaryen ၏ အင်္ကျီများ၊ သားရေဝတ်စုံများ၊ ရုပ်ရှင်သရုပ်ဆောင်Kit Harington ကိုင်ဆောင်ခဲ့သော ဇာတ်ကောင်Jon Snow ၏ Longclaw ဓားအပြင် စီးရီးတစ်ခုလုံး၏ အခြားအမှတ်ရ ဖွယ်ပစ္စည်းအများအပြားကို လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားထားသည်။ HBO ကုမ္ပဏီ၏ အကြီးတန်း ဒုဥက္ကဋ္ဌ ဲJay Roewe က"ဒီလေလံပွဲဟာ ပရိသတ်တွေအတွက် သမိုင်း အပိုင်းအစတစ်ခုကိုဖမ်းယူနိုင်မယ့် အခွင့်အရေး တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့Game Of Thrones နောက်ဆုံးစီးရီးထွက်ရှိပြီး ငါးနှစ် အကြာမှာ ဆက်လက်တည်ရှိနေတဲ့ အားပေးမှုတွေ ကိုလည်း ပေါ်လွင်လာစေမှာပါ။Game Of Thrones က တကယ်ကို ကောင်းမွန်တဲ့ရုပ်ရှင်စီး ရီးတစ်ခုလို့ လူတိုင်းကပြောကြပါတယ်"ဟုပြော ဆိုခဲ့သည်။ Game Of Thrones စီးရီးပြီးဆုံး ခဲ့သည်မှာ အချိန်(၅)နှစ်ခန့်ရှိပြီဖြစ်သော်လည်း လက်ရှိ အချိန်အထိ ပရိသတ်များကြားတွင် ရေပန်းစား နေဆဲ ရုပ်ရှင်စီးရီးအဖြစ် ဆက်လက် ရပ်တည် နေဆဲဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Gold Trading လုပ်လျှင် အမြတ်များများရမည်ဆိုကာ အင်တာနက်မှတစ်ဆင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးများကို ပစ်မှတ်ထား လိမ်လည်မှုများရှိနေ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ