ပြည်ပြေးမီဒီယာ (၈) ခု၏ အကြမ်းဖက် လှုံ့ဆော် အားပေးမှုဆိုင်ရာ လစဉ်စစ်တမ်း
NSS - စက်တင်ဘာ ၁၃
၁။ ပြည်ပအခြေစိုက် သတင်းမီဒီယာဌာနများအ နက် သတင်းတု၊ သတင်းမှား အများဆုံးလွှင့်တင်နေ သော အဓိကသတင်းဌာန (၈) ခုဖြစ်သည့် BBC၊ VOA၊ RFA၊ DVB၊ The Irrawaddy၊ Mizzima၊ Myanmar Now နှင့် Khit Thit Media တို့၏ သတင်းလွှင့်တင်မှုများကို အောက်ပါအတိုင်း အကြောင်း အရာ ခွဲခြားပြီး နေ့စဉ် မှတ်တမ်းရယူဆောင်ရွက်လျက်ရှိသည်။
(က) အချက်အလက်ခိုင်မာမှုမရှိဘဲ ဖော်ပြမှု၊
(ခ) ပဋိပက္ခအားပေးလှုံ့ဆော်မှု၊
(ဂ) NUG/PDF သတင်း အသားပေးဖော်ပြမှုနှင့်
(ဃ) အခြားသာမန်သတင်း ။
သတင်းလွှင့်တင်ထားရှိမှုအခြေအနေ
၂။ RFA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၂) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၆၈၉) ပုဒ်လွှင့် တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၆၃%၊ NUG/ PDF သတင်း အသားပေးဖော်ပြမှု ၄ %၊ အချက်အလက်မခိုင်မာသည့်သတင်း ၅ %၊ အခြား သာမန်သတင်း ၃၃% လွှင့်တင်ထားသည်။
၃။ BBC မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၁၅) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၄၆၂) ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၅၄ %၊ NUG/PDF သတင်း အသားပေးဖော်ပြမှု ၅%၊ အချက် အလက်မခိုင်မာသည့်သတင်း ၈%၊ အခြားသာမန် သတင်း ၃၂ % လွှင့်တင်ထားသည်။
၄။ VOA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၆) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၁၈၉) ပုဒ်လွှင့် တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၃၈%၊ NUG/ PDF သတင်း အသားပေးဖော်ပြမှု ၁ % ၊ အချက်အလက်မခိုင်မာသည့်သတင်း ၂၂ %၊ အခြား သာမန်သတင်း ၃ % လွှင့်တင်ထားသည်။
၅။ DVB မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၃) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၇၀၂) ပုဒ်လွှင့်တင် ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၅၇%၊ NUG/PDF သတင်း အသားပေးဖော်ပြမှု ၄%၊ အချက်အလက် မခိုင်မာသည့်သတင်း ၄ %၊ အခြား သာမန်သတင်း ၃၂ % လွှင့်တင်ထားသည်။
၆။ Myanmar Now မီဒီယာအနေဖြင့် တစ်ရက် လျှင် ပျမ်းမျှသတင်း (၆)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၁၉၈) ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှု သတင်း ၄၁%၊ NUG/PDFသတင်း အသားပေး ဖော်ပြမှု ၂၄%၊ အခြားသာမန်သတင်း ၃၇%ကို လွှင့် တင်ထားသည်။
၇။ ခေတ်သစ်မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၃၀) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၉၅၇)ပုဒ်လွှင့်တင် ထားပြီး ပဋိပက္ခ အားပေးလှုံ့ဆော်မှုသတင်း ၃၁ %၊ အချက်အလက်ခိုင်မာမှုမရှိသည့်သတင်း ၃၄%၊ NUG/PDFသတင်းအသားပေးဖော်ပြမှု ၃၆% နှင့် အခြားသာမန်သတင်း ၁၀ % လွှင့်တင်ထားသည်။
၈။ The Irrawaddy မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၈)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၅၄)ပုဒ်လွှင့်တင် ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၄၀ %၊ အချက်အလက်မခိုင်မာသည့်သတင်း ၂၈ %၊ NUG/PDF သတင်း အသားပေးဖော်ပြမှု ၅%၊ အခြားသာမန်သတင်း ၂၇% လွှင့်တင်ထားသည်။
၉။ Mizzima မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၁၇) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၅၂၂) ပုဒ်လွှင့်တင် ထားပြီး NUG/ PDF သတင်းအသားပေးဖော်ပြမှု ၁၅%၊ ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း ၃၆ %၊ အ ချက်အလက်မခိုင်မာသည့်သတင်း ၁၆ %၊ အခြား သာမန်သတင်း ၂၇ % လွှင့်တင်ထားသည်။
၁၀။ VPNအခက်အခဲများကြောင့် သတင်းဌာန (၈) ခုအနက် သတင်းဌာန (၄) ခု၏ ပို့စ်များကို Reaction ရရှိမှုအရေအတွက်မှာလည်း သိသိသာသာ ကျ ဆင်းသွားခဲ့သည်။ BBC သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၁၂,ဝဝဝ) ရှိရာမှ ယခုလတွင် (၁၁,ဝဝဝ) အထိ၊ VOA သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံး သတင်း၏ Reaction ရရှိမှုသည် (၈၈,ဝဝဝ) ရှိရာမှ ယခု လတွင် (၈၇,ဝဝဝ) အထိ၊ Mizzima သတင်း ဌာန၏ ယခင်လ ပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၃၉,ဝဝဝ) ရှိရာမှ ယခုလတွင် (၇,၁၀ဝ) အထိနှင့် Khit Thit သတင်းဌာန၏ ယခင်လ ပို့စ် အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၆၀,ဝဝဝ) ရှိရာမှ ယခုလတွင် (၅၅,ဝဝဝ) အထိ ကျဆင်းနေ ကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နာမည်ကျော်ရုပ်ရှင်စီးရီးကြီး Game Of Thrones မှာ ပါဝင်ခဲ့တဲ့ ပစ္စည်းပေါင်း(၂)ထောင်ကျော်ကို လေလံတင်ရောင်းချမည်
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ