ရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေတပ်အကြီးအကဲနှစ်ဦး တွေ့ဆုံဆွေးနွေး
NP News - ဒီဇင်ဘာ ၂၆
ရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ရုရှားနှစ်နိုင်ငံရေတပ်အကြီးအကဲနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအကြား ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာရေးအ တွက် အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လေ့လာလည်ပတ်နိုင်ရေး နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများစေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများအပါအဝင် နှစ်နိုင်ငံရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ရေတပ်အကြီးအကဲနှစ်ဦးအကြား ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုသည်။
ရုရှားတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ်သည် ဒီဇင်ဘာလ ၂၄ ရက်တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)၏ နှစ်ပတ်လည်နေ့အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများရှိနေသည်ကို တွေ့ရသည်။
zawgyi version
ေရတပ္အခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ေရတပ္အႀကီးအကဲႏွစ္ဦး ေတြ႕ဆုံေဆြးေႏြး
NP News - ဒီဇင္ဘာ ၂၆
ေရတပ္အခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံေရတပ္အႀကီးအကဲႏွစ္ဦး ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။
ဧရာဝတီေရတပ္စခန္းဌာနခ်ဳပ္၌ ဒီဇင္ဘာလ ၂၅ ရက္ နံနက္ပိုင္းတြင္ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္ႏွင့္ ႐ုရွားဒုတိယေရတပ္ဦးစီးခ်ဳပ္ Vice Admiral Igor MUKHAMETSHIN တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ႏွစ္ႏိုင္ငံေရတပ္မွ စစ္ေရယာဥ္မ်ား အျပန္အလွန္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား ေလ့လာလည္ပတ္ႏိုင္မႈႏွင့္ ႏွစ္ႏိုင္ငံေရတပ္မ်ားအၾကား ရင္းႏွီးမႈပိုမိုတိုးတက္ခိုင္မာေရးအ တြက္ အဆင့္လိုက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္ေလ့လာလည္ပတ္ႏိုင္ေရး ႏွစ္ဖက္အၾကား ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ ျမန္မာ့တပ္မေတာ္မွ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ သင္တန္းသားမ်ားေစလႊတ္သင္ၾကားလ်က္ရွိသည့္ အေျခအေနမ်ားအပါအဝင္ ႏွစ္ႏိုင္ငံေရတပ္အခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ားကိုလည္း ေရတပ္အႀကီးအကဲႏွစ္ဦးအၾကား ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ဆိုသည္။
႐ုရွားတပ္မေတာ္ ဒုတိယေရတပ္ဦးစီးခ်ဳပ္သည္ ဒီဇင္ဘာလ ၂၄ ရက္တြင္ က်ေရာက္ေသာ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္(ေရ)၏ ႏွစ္ပတ္လည္ေန႔အခမ္းအနားသို႔လည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား ဆက္ဆံေရးမွာ ပိုမိုေကာင္းမြန္လ်က္ရွိၿပီး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးက႑၊ ကာကြယ္ေရးဆိုင္ရာ႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားရွိေနသည္ကို ေတြ႕ရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"ဒီနည်းတွေနဲ့ အပိုဝင်ငွေ ရှာကြမယ်" (ထူးခြားသုတဆောင်းပါး)
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း