ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စက်ရုံမှ မြန်မာလုပ်သား(၁ဝဝဝ) ကျော်ကို လျော်ကြေးငွေပေးအပ်ကာ အလုပ်ထုတ်ပယ်
ယွန်း (NP News) - ဧပြီ ၇
ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်ရှိ အီလက်ထရောနစ်စက်ရုံမှ မြန်မာလုပ်သား (၁ဝဝဝ)ကျော်ကို လျော်ကြေးငွေပေးအပ်ကာ အလုပ်ထုတ်ပယ်ခဲ့ကြောင်း ဘန်ကောက်မြို့ရှိ၊ မြန်မာအလုပ် သမားသံအရာရှိရုံးမှ သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ပြီးခဲ့သည့် ဧပြီလ(၅)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထား ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်နှင့် စမုစခွန်ခရိုင်တို့ရှိ Cal-Comp Electronics အီလက်ထရောနစ် စက်ရုံမှ အလုပ်သမားများသည် အဆိုင်း(၃)ဆိုင်းဖြင့် အလုပ်လုပ်နေရခြင်းကို အဆိုင်း(၂) ဆိုင်းဖြင့် လုပ်ကိုင်လိုကြောင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖစ်ဘူရီခရိုင်၊ Cal-Comp Electronics အီလက်ထရောနစ် စက်ရုံမှ အလုပ်သမားများကို ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှ ပြီးခဲ့သည့် မတ်လ(၂၇)ရက်တွင် သွား ရောက်တွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုတွင် အလုပ်သမားများ၏ ဆန္ဒအရ အဆိုင်း(၂)ဆိုင်းဖြင့် လုပ်ကိုင်ပါက (၁)ဆိုင်းစာ အလုပ်သမားဦးရေကို လျှော့ချရမည်ဖြစ်ကြောင်း သိရပြီးနောက် အဆိုပါ စက်ရုံရှိ အလုပ် သမား(၁ဝဝဝဝ)ကျော်အနက် (၉၃)ရာခိုင်နှုန်းသည် အဆိုင်း(၃)ဆိုင်းဖြင့် လုပ်ကိုင်ရန် သ ဘောတူခဲ့ကြောင်း သိရသည်။
အလားတူ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများသည် မတ်လ(၂၉)ရက်တွင် စမုစခွန်ခရိုင်၊ Cal-Comp Electronics အီလက်ထရောနစ် စက်ရုံမှ အလုပ်သမား(၃၄ဝဝ)ထံသို့ ထပ်မံသွားရောက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့ဆန္ဒသဘောထားများကို အဆိုင်းအလိုက်ကောက်ခံခဲ့ရာ (၂)ဆိုင်းဖြင့် လုပ်ကိုင်ရန်ရွေးချယ်မှု (၈၅)ရာခိုင်နှုန်း ရှိခဲ့ကြောင်း သံရုံးမှ သိရသည်။
ထို့ကြောင့် အဆိုပါစက်ရုံမှ အလုပ်သမား(၁ဝ၅၇)ဦး ထုတ်ပယ်ခံခဲ့ရပြီး ဥပဒေနှင့်အညီ အနည်းဆုံး ဘတ်(၁၉၄၁၅)ဘတ်မှ အမြင့်ဆုံး(၉၆၃၆၉)ဘတ်အထိ လျော်ကြေးပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့အနက်မှ နေရပ်ပြန်လိုသူများကို အလုပ်ရှင်မှ မဲဆောက်နယ်စပ်အထိပို့ဆောင်ပြီး နေရပ်ဒေသ ခရီအကွာအဝေး အလိုက် ခရီးစရိတ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အလုပ်သမားသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ထိုင္းႏိုင္ငံရွိ အီလက္ထေရာနစ္ စက္႐ုံမွ ျမန္မာလုပ္သား(၁ဝဝဝ) ေက်ာ္ကို ေလ်ာ္ေၾကးေငြေပးအပ္ကာ အလုပ္ထုတ္ပယ္
ယြန္း (NP News) - ဧၿပီ ၇
ထိုင္းႏိုင္ငံ၊ စမုစခြန္ခ႐ိုင္ရွိ အီလက္ထေရာနစ္စက္႐ုံမွ ျမန္မာလုပ္သား (၁ဝဝဝ)ေက်ာ္ကို ေလ်ာ္ေၾကးေငြေပးအပ္ကာ အလုပ္ထုတ္ပယ္ခဲ့ေၾကာင္း ဘန္ေကာက္ၿမိဳ႕ရွိ၊ ျမန္မာအလုပ္ သမားသံအရာရွိ႐ုံးမွ သိရသည္။
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက ၿပီးခဲ့သည့္ ဧၿပီလ(၅)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထား ျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံ၊ ဖစ္ဘူရီခ႐ိုင္ႏွင့္ စမုစခြန္ခ႐ိုင္တို႔ရွိ Cal-Comp Electronics အီလက္ထေရာနစ္ စက္႐ုံမွ အလုပ္သမားမ်ားသည္ အဆိုင္း(၃)ဆိုင္းျဖင့္ အလုပ္လုပ္ေနရျခင္းကို အဆိုင္း(၂) ဆိုင္းျဖင့္ လုပ္ကိုင္လိုေၾကာင္း ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဖစ္ဘူရီခ႐ိုင္၊ Cal-Comp Electronics အီလက္ထေရာနစ္ စက္႐ုံမွ အလုပ္သမားမ်ားကို ထိုင္းႏိုင္ငံရွိ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးမွ ၿပီးခဲ့သည့္ မတ္လ(၂၇)ရက္တြင္ သြား ေရာက္ေတြ႕ဆုံၿပီး ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ေဆြးေႏြးမႈတြင္ အလုပ္သမားမ်ား၏ ဆႏၵအရ အဆိုင္း(၂)ဆိုင္းျဖင့္ လုပ္ကိုင္ပါက (၁)ဆိုင္းစာ အလုပ္သမားဦးေရကို ေလွ်ာ့ခ်ရမည္ျဖစ္ေၾကာင္း သိရၿပီးေနာက္ အဆိုပါ စက္႐ုံရွိ အလုပ္ သမား(၁ဝဝဝဝ)ေက်ာ္အနက္ (၉၃)ရာခိုင္ႏႈန္းသည္ အဆိုင္း(၃)ဆိုင္းျဖင့္ လုပ္ကိုင္ရန္ သ ေဘာတူခဲ့ေၾကာင္း သိရသည္။
အလားတူ အလုပ္သမားသံအရာရွိ႐ုံးမွ တာဝန္ရွိသူမ်ားသည္ မတ္လ(၂၉)ရက္တြင္ စမုစခြန္ခ႐ိုင္၊ Cal-Comp Electronics အီလက္ထေရာနစ္ စက္႐ုံမွ အလုပ္သမား(၃၄ဝဝ)ထံသို႔ ထပ္မံသြားေရာက္ၿပီး ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔ဆႏၵသေဘာထားမ်ားကို အဆိုင္းအလိုက္ေကာက္ခံခဲ့ရာ (၂)ဆိုင္းျဖင့္ လုပ္ကိုင္ရန္ေ႐ြးခ်ယ္မႈ (၈၅)ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း သံ႐ုံးမွ သိရသည္။
ထို႔ေၾကာင့္ အဆိုပါစက္႐ုံမွ အလုပ္သမား(၁ဝ၅၇)ဦး ထုတ္ပယ္ခံခဲ့ရၿပီး ဥပေဒႏွင့္အညီ အနည္းဆုံး ဘတ္(၁၉၄၁၅)ဘတ္မွ အျမင့္ဆုံး(၉၆၃၆၉)ဘတ္အထိ ေလ်ာ္ေၾကးေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔အနက္မွ ေနရပ္ျပန္လိုသူမ်ားကို အလုပ္ရွင္မွ မဲေဆာက္နယ္စပ္အထိပို႔ေဆာင္ၿပီး ေနရပ္ေဒသ ခရီအကြာအေဝး အလိုက္ ခရီးစရိတ္မ်ား ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း အလုပ္သမားသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကစီယာဉ်မောင်းအား ခရီးသည်မှ အုတ်ခဲဖြင့်ထုကာ တက္ကစီလုယက်မှု မင်္ဂလာဒုံမြို့တွင် ဖြစ်ပွား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း