တက္ကစီယာဉ်မောင်းအား ခရီးသည်မှ အုတ်ခဲဖြင့်ထုကာ တက္ကစီလုယက်မှု မင်္ဂလာဒုံမြို့တွင် ဖြစ်ပွား
Pearl (NP News) – ဧပြီ ၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် တက္ကစီယာဉ်မောင်းအား ခရီးသည်မှ အုတ်ခဲဖြင့်ထုကာ တက္ကစီလုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၆ ရက်)၊ ညနေ (၄)နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာအိမ်ရာဝင်း၊ ဇေကမ္ဘာ(၅)လမ်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်းထံမှ သိရသည်။
အသက်(၆၇)နှစ်ခန့်အရွယ်ရှိ တက္ကစီယာဥ်မောင်း အမျိုးသားသည် ခရီးသည်(၂)ဦးကို တင် ဆောင်လာစဥ် အခင်းဖြစ်ရာနေရာ အရောက်၌ ခရီးသည်များမှ ယာဥ်မောင်းအား ကြိုးဖြင့်တုပ်ကာ အုပ်ခဲဖြင့်ထုရိုက်ခဲ့ကြောင်း အဆိုပါ လူမှုကူညီရေးအသင်းမှ ဆိုသည်။
ထို့နောက် အဆိုပါ ခရီးသည်(၂)ဦးသည် တက္ကစီယာဥ်မောင်းကို ဇေကမ္ဘာ (၅)လမ်းအနီးတွင် ပစ်ချထားခဲ့ပြီး တက္ကစီကို လုယက်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
"ကားကတော့ ခုထိ ရှာမတွေ့သေးဘူး၊ လုတဲ့လူက (၂)ယောက်၊ ဘယ်လိုပုံတွေလဲဆိုတာတော့ ယာဉ်မောင်းက လန့်နေတော့ ဘာမှ မေးလို့တော့ မရဘူး၊ မနေ့ကတော့ မေဓါဝီဆေးရုံကိုပို့ပေးပြီး စိုးရိမ်စရာ အခြေအနေမဟုတ်တော့ အိမ်ပြန်သွားပြီ" ဟု မေတ္တာအလင်း လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
အဆိုပါဖြစ်စဥ်တွင် ယာဥ်မောင်းအမျိုးသား၏ ဖုန်း အပါအဝင် ငွေသားအချို့လည်း လုယက်ခံခဲ့ရကြောင်း သိရသည်။
zawgyi version
တကၠစီယာဥ္ေမာင္းအား ခရီးသည္မွ အုတ္ခဲျဖင့္ထုကာ တကၠစီလုယက္မႈ မဂၤလာဒုံၿမိဳ႕တြင္ ျဖစ္ပြား
Pearl (NP News) – ဧၿပီ ၇
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ တကၠစီယာဥ္ေမာင္းအား ခရီးသည္မွ အုတ္ခဲျဖင့္ထုကာ တကၠစီလုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၆ ရက္)၊ ညေန (၄)နာရီ အခ်ိန္ခန႔္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ေဇကမာၻအိမ္ရာဝင္း၊ ေဇကမာၻ(၅)လမ္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေမတၱာအလင္းလူမႈကူညီေရးအသင္းထံမွ သိရသည္။
အသက္(၆၇)ႏွစ္ခန႔္အ႐ြယ္ရွိ တကၠစီယာဥ္ေမာင္း အမ်ိဳးသားသည္ ခရီးသည္(၂)ဦးကို တင္ ေဆာင္လာစဥ္ အခင္းျဖစ္ရာေနရာ အေရာက္၌ ခရီးသည္မ်ားမွ ယာဥ္ေမာင္းအား ႀကိဳးျဖင့္တုပ္ကာ အုပ္ခဲျဖင့္ထု႐ိုက္ခဲ့ေၾကာင္း အဆိုပါ လူမႈကူညီေရးအသင္းမွ ဆိုသည္။
ထို႔ေနာက္ အဆိုပါ ခရီးသည္(၂)ဦးသည္ တကၠစီယာဥ္ေမာင္းကို ေဇကမာၻ (၅)လမ္းအနီးတြင္ ပစ္ခ်ထားခဲ့ၿပီး တကၠစီကို လုယက္ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
"ကားကေတာ့ ခုထိ ရွာမေတြ႕ေသးဘူး၊ လုတဲ့လူက (၂)ေယာက္၊ ဘယ္လိုပုံေတြလဲဆိုတာေတာ့ ယာဥ္ေမာင္းက လန႔္ေနေတာ့ ဘာမွ ေမးလို႔ေတာ့ မရဘူး၊ မေန႔ကေတာ့ ေမဓါဝီေဆး႐ုံကိုပို႔ေပးၿပီး စိုးရိမ္စရာ အေျခအေနမဟုတ္ေတာ့ အိမ္ျပန္သြားၿပီ" ဟု ေမတၱာအလင္း လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္တြင္ ယာဥ္ေမာင္းအမ်ိဳးသား၏ ဖုန္း အပါအဝင္ ေငြသားအခ်ိဳ႕လည္း လုယက္ခံခဲ့ရေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇာတ်ပွဲသို့ ဈေးရောင်းရန်ထွက်လာသည့် သုံးဘီးဆိုင်ကယ် တောင်အောက်သို့ပြုတ်ကျခဲ့ရာ (၆)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း