တရုတ်နဲ့ ရုရှားစစ်တပ်တို့ စက်တင်ဘာလအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်မယ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၉
တရုတ်အစိုးရက စက်တင်ဘာလအတွင်း ရုရှားနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့် ခန်းတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားဟာ လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံနဲ့စစ်ပွဲဖြစ်နေပေမယ့် တရုတ်နိုင်ငံက ရုရှားနဲ့ ဆက်ဆံရေးအပြန်အလှန်ကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ ရုရှားနဲ့တရုတ်စစ်တပ်တို့ ပူးပေါင်းလုပ်ဆောင်မယ့် စစ်ရေးလေ့ကျင့်ခန်းကို North-Joint 2024 လို့အမည်ပေးထားပြီး ရေတပ်နဲ့ လေတပ်တို့ ပူးတွဲလေ့ကျင့်မှာဖြစ်ပြီး ဂျပန်ပင်လယ်ပတ်ဝန်းကျင်၊ ရုရှားကမ်းရိုးတန်း အလွန်ဝန်းကျင်တွေမှာ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။
တရုတ်စစ်တပ်က "ဒီစစ်ရေးလေ့ကျင့်ခန်းဟာ တရုတ်နဲ့ ရုရှားစစ်တပ်ကြား မဟာဗျူဟာမြောက် ပူးပေါင်းမှုတွေ ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်။ လုံခြုံရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်အောင် ရည်ရွယ်တာမျိုးဖြစ်တယ်"လို့ ပြောပါတယ်။ နှစ်နိုင်ငံစလုံးဟာ စစ်ရေးလေ့ကျင့်ခန်းမှာပါဝင်ဖို့ ရေတပ်သင်္ဘောတွေစေလွှတ်မှာဖြစ်ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံက ဦးဆောင်မယ့် Ocean-2024 အမည်ရှိမဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်ခန်းကိုလည်း ပါဝင်မှာဖြစ်ကြောင်း တရုတ်စစ်တပ်ကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုး၊ ဖားကန့်-ဆိုင်းတောင်၊ ပေါက်တော၊ ကရင်-ကျုံခဝန် ပစ်ခတ်မှုများ၊ ရွှေနဲ့ ဒေါ်လာ ပြန်ကျပြီ ကုန်စျေးနှုန်းရော ဘယ်လိုလဲ၊ မြန်မာအသင်းနည်းပြ ဦးမျိုးလှိုင်ဝင်း ဖြစ်လာခြင်းနဲ့ ထောက်ပြစရာအချို့၊ ခရမ်းချဥ်သီး ပြဿနာ (9.9.2024)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ