အိန္ဒိယအမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းကမြို့ပေါင်း(၁၃၀)ကျော်မှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေ
Pika (NSS) - စက်တင်ဘာ ၉
ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံ Kolkata မြို့မှာ အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး တရားမျှတမှုကိုတောင်းဆိုတဲ့အနေနဲ့ စက်တင်ဘာလ(၈)ရက်နေ့မှာ ထောင်နဲ့ချီတဲ့အိန္ဒိယလူမျိုးတွေဟာ နိုင်ငံပေါင်း(၂၅)နိုင်ငံမှာရှိတဲ့ မြို့ပေါင်း(၁၃၀)ကျော်မှာ ဆန္ဒပြပွဲတွေလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဂျပန်၊ ဩစတြေးလျ၊ ထိုင်ဝမ် နဲ့ စင်ကာပူတို့မှာ အိန္ဒိယလူမျိုးတွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဥရောပနိုင်ငံအများအပြားမှာရှိတဲ့ မြို့တွေကို ဆန္ဒပြပွဲတွေ ပျံ့နှံ့သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အိန္ဒိယလူမျိုးတွေဟာ အမေရိကန်မှာလည်း ဆန္ဒပြပွဲတွေလုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ(၉)ရက်နေ့က အသက် (၃၁)နှစ်အရွယ် အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်ခံရကာ သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေ စတင်ပေါ် ပေါက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးအလုပ်သင်ဆရာဝန် လေ့လာသင်ယူနေတဲ့ R.G. Kar ဆေးဘက်ဆိုင်ရာကောလိပ်ရဲ့ ကျောင်းအုပ်ဟောင်းတစ်ဦးနဲ့အတူ သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပြီး အဲဒီရာဇဝတ်မှုကို ဖြေရှင်းပေးဖို့နဲ့ အိန္ဒိယအမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူကြဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာဆန္ဒပြပွဲတွေကို စီစဉ်သူ ဒစ်ပ်တီဂျိမ်းက 'အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ဒီသတင်းဟာ ကျွန်မတို့အားလုံးကို တုန်လှုပ်စေပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ် အမျိုး သမီးအလုပ်သင်ဆရာဝန်၏အမှုကို စက်တင်ဘာလ(၁၀)ရက်နေ့တွင် ကြားနာရန် အိန္ဒိယတရားရုံးချုပ်က စီစဉ်ထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညွန့်ပေါင်းတပ်ဖွဲ့တွေ ရုတ်သိမ်းဖို့ အမေရိကန်က သဘောတူညီခဲ့တယ်လို့ အီရတ်ကာကွယ်ရေးဝန်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း