တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပြီး ကျောင်းသား/သူများကို မိမိတို့ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား
ယွန်း (NSS) - စက်တင်ဘာ ၅
တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပြီး အခြားမြို့များတွင် သွားရောက်ပညာသင်နေသည့် ကျောင်းသား/သူများကို မိမိတို့ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက မှာကြားသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ(၄)ရက်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ အစိုးရအဖွဲ့ဝင်များ အပါအဝင် ဒေသခံပြည်သူများနှင့်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပြန်လည်တက်ရောက်သင်ကြားနိုင်ရေးဆောင်ရွက်ပေးရန် နစကဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် တက္ကသိုလ်များကိုလည်း ဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်ပြီး အခြားမြို့များတွင် သွားရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့နေထိုင်သည့်ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးရန် ဆက်လက်မှာကြားခဲ့သည်။
KNDF နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၃)ခုနှစ် နိုဝင်ဘာလ (၁၁)ရက်တွင် (၁.၁.၁.၁) စစ်ဆင်ရေးအမည်ဖြင့် လွိုင်ကော်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ရာ တိုက်ပွဲများကြောင့် တပ်မတော် နှင့် KNDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထို့သို့ ဆောင် ရွက်ခြင်းသည် ကယားပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်သည့်လုပ်ရပ်ဖြစ်သဖြင့် ဆိုးရွားသည့်လုပ်ရပ်များပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုး တက်မှု နောက်ကျစေရန် နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်လုပ်ဆောင်သည်မှာလည်း ဒေသခံများပင်ဖြစ်၍ ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် နိုင်ငံရေးအရရင့်ကျက်မှုမရှိခြင်းဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို လျှောက်ထားရန် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့ရာ လျှောက်ထားနိုင်သည့် တက္ကသိုလ်များတွင် လားရှိုးတက္ကသိုလ်အပါအဝင် တက္ကသိုလ်(၃)ခုကို ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
IBEC ဆရာတော်၏ တောင်းဆိုမှုဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုအစီ အစဉ်အတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ စစ်ရှောင်ပြည်သူများပါဝင်လာ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း