အမေရိကန်နိုင်ငံရှိ စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ကျောင်းဆရာ၊ဆရာမနဲ့ ကျောင်းသား အနည်းဆုံး (၄)ဦးသေဆုံး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၅
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းမှာပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရသွားခဲ့တယ်လို့ အမေရိကန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုကျူးလွန်သူဟာ အဆိုပါအထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသားဖြစ်ပြီး ၎င်းကို စွဲချက်တင်သွားမှာဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ဒီနှစ်စာသင်နှစ်စတင်ခဲ့ပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေထဲမှာ လူသေဆုံး၊ဒဏ်ရာရမှုအများဆုံးပစ်ခတ်မှုဖြစ်ခဲ့ရကြောင်း သိရပါတယ်။
ပစ်ခတ်မှုကျူးလွန်သူဟာ အသက် (၁၄)နှစ်အရွယ်သာရှိပြီး ကျောင်းသားနှစ်ဦးနဲ့ ကျောင်းဆရာနှစ်ဦးသေဆုံးခဲ့ပြီး အခြား (၉)ဦးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ အသက်(၁၄)နှစ်အရွယ်ရှိ ကုတ်ဂရေးဆိုသူဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ထိပ်တိုက်တွေ့ဆုံချိန်မှာ လက် နက်ချခဲတ့ယ်လို့ ဂျော်ဂျီယာပြည်နယ် စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။ အမေရိကန်စုံစမ်းစစ်ရေးအရာရှိတွေဟာ လက်ရှိအချိန်မှာ သေနတ်သမားကို ဖမ်းဆီးစစ်ဆေးနေပြီး ပစ်ခတ်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့အသုံးပြုခဲ့တဲ့ သေနတ်အမျိုးအစားကို သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။ အဆိုပါပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်ရှိလူငယ်ဟာ အွန်လိုင်းကနေ ခြိမ်းခြောက်မှုလုပ် ဆောင်ခဲ့ဖူးတဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာ ရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးခြင်းခံခဲ့ရဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပြီး ကျောင်းသား/သူများကို မိမိတို့ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း