မြောက်ကိုရီးယားမှာ ရေကြီးမှုတွေနဲ့ပတ်သက်ပြီး အရာရှိ(၃၀)ဦးခန့်ကို ကွပ်မျက်ဖို့ ကင်ဂျုံအန်းအမိန့်ပေးခဲ့ဟုဆို
Pika (NSS) - စက်တင်ဘာ ၄
မြောက်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေ၊ မြေပြိုမှုတွေကို တားဆီးကာကွယ်ဖို့ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အရာရှိ(၂၀)ဦးကနေ (၃၀)ဦးကို ကွပ်မျက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအရာရှိတွေဟာ အကျင့်ပျက်ခြစားမှု၊ တာဝန်ပျက်မှုတို့နဲ့ တရားစွဲဆိုခံထားရပြီးနောက် ကွပ်မျက်ဖို့ အမိန့်ပေးခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားအရာရှိတစ်ဦးက "ရေကြီးမှုတွေကို တားဆီးကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အရာရှိ(၂၀)ဦးကနေ (၃၀)ဦးကို ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ကွပ်မျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ကွပ်မျက်မှုအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး တိတိကျကျ အတည်ပြုနိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံ Chagang ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေကို တင်းတင်းကြပ်ကြပ်အပြစ်ပေးဖို့ ကင်ဂျုံအန်းက အမိန့်ပေးခဲ့တယ်လို့ KCNA သတင်းဌာနက အစောပိုင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ကင်ဂျုံအန်းဟာ ရေဘေးသင့်ဒေသတွေကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ဒေသခံတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် သေဆုံးတဲ့လူအရေအတွက်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲ့အစီရင်ခံစာတွေကို ကင်ဂျုံအန်းက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ ရေကြီးမှုတွေဖြစ်ပွားပြီးနောက် ရေဘေးကယ်ဆယ်ရေးအကူအညီတွေကို တောင်ကိုရီးယားဘက်က ကမ်းလှမ်းခဲ့ပေမယ့်လည်း မြောက်ကိုရီးယားဘက်ကတော့ ပြန်လည်တုံ့ပြန်တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် အချင်းချင်း ယုံကြည်မှုကျဆင်းခြင်းက ရန်ကုန်၏ အရေအတွက် မနည်းလှသော အငှားယာဉ်မောင်းများအပေါ် ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ