ပွဲကောက်ရေတံခွန်တွင် ရေဆင်းကစားရာမှ အမျိုးသားတစ်ဦးရေနစ်သေဆုံး
NP News - ဒီဇင်ဘာ ၂၅
ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်တွင် ရေဆင်းကစားရာမှ အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သန္တိသုခ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၅ ရက်) ညနေပိုင်းတွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး ပွဲကောက်ရေတံခွန်တွင် ရေကစားရာမှ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်ခဲ့သူ (၃)ဦးအနက်မှ (၂)ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး အမျိုးသား(၁)ဦးမှာ သေဆုံးခဲ့ကြောင်း သန္တိသုခအသင်းမှ ဆိုထားသည်။
သေဆုံးသွားသော အမျိုးသားမှာ မောင်ကျော်မျိုးအောင်(၁၅)နှစ်ဖြစ်ပြီး ၎င်းအား ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၂)ရက်၊ နေ့လည်ပိုင်းကလည်း မကွေးတိုင်း၊ သရက်မြို့ရှိ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာမှ GTI ကျောင်းသား(၃)ဦး ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
zawgyi version
ပြဲေကာက္ေရတံခြန္တြင္ ေရဆင္းကစားရာမွ အမ်ိဳးသားတစ္ဦးေရနစ္ေသဆုံး
NP News - ဒီဇင္ဘာ ၂၅
ျပင္ဦးလြင္ၿမိဳ႕ရွိ ပြဲေကာက္ေရတံခြန္တြင္ ေရဆင္းကစားရာမွ အမ်ိဳးသားတစ္ဦးေရနစ္ေသဆုံးခဲ့ေၾကာင္း သႏၲိသုခ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၂၅ ရက္) ညေနပိုင္းတြင္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး ပြဲေကာက္ေရတံခြန္တြင္ ေရကစားရာမွ ေရနစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေရနစ္ခဲ့သူ (၃)ဦးအနက္မွ (၂)ဦးကို အသက္ရွင္လ်က္ ကယ္တင္ႏိုင္ခဲ့ၿပီး အမ်ိဳး သား(၁)ဦးမွာ ေသဆုံးခဲ့ေၾကာင္း သႏၲိသုခအသင္းမွ ဆိုထားသည္။
ေသဆုံးသြားေသာ အမ်ိဳးသားမွာ ေမာင္ေက်ာ္မ်ိဳးေအာင္(၁၅)ႏွစ္ျဖစ္ၿပီး ၎အား ျပင္ဦးလြင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၂)ရက္၊ ေန႔လည္ပိုင္းကလည္း မေကြးတိုင္း၊ သရက္ၿမိဳ႕ရွိ ဧရာဝတီျမစ္အတြင္း ေရဆင္းကူးရာမွ GTI ေက်ာင္းသား(၃)ဦး ေရနစ္ေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေတပ်အကြီးအကဲနှစ်ဦး တွေ့ဆုံဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း