နိုင်ငံတွင်းကို ရုရှားသမ္မတလာရောက်လည်ပတ်ချိန်အတွင်း ဖမ်းဆီးပေးဖို့ မွန် ဂိုလီးယား အစိုးရကို ယူကရိန်းတိုက်တွန်းတောင်းဆို
Pika (NSS) - ဩဂုတ် ၃၁
လာမယ့်စက်တင်ဘာလ(၃)ရက်နေ့မှာ မွန်ဂိုလီးယားနိုင်ငံကို ရုရှားသမ္မတပူတင်လာရောက်လည်ပတ်ချိန်အတွင်း ဖမ်းဆီးပေးဖို့ မွန်ဂိုလီးယားအစိုးရကို ယူကရိန်းအစိုးရက ဩဂုတ်လ(၃၀)ရက်နေ့မှာ တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။
ဒါပေမဲ့လည်း မွန်ဂိုလီးယားနိုင်ငံကို သွားရောက်လည်ပတ်မယ့်ခရီးစဉ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာမျိုးမရှိဘူးလို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုထားပါတယ်။ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားသမ္မတပူတင်က စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်ဆိုပြီး နိုင်ငံတကာရာဇဝတ်တရားရုံးက ပြီးခဲ့တဲ့နှစ်မတ်လမှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ စွပ်စွဲပြောဆိုချက်တွေကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီဖမ်းဝရမ်းဟာ မွန်ဂိုလီးယားအပါအဝင် အဖွဲ့ဝင်နိုင်ငံ(၁၂၄)နိုင်ငံအတွက် အကျုံးဝင်ပြီး ၎င်းတို့ရဲ့မြေပေါ်ကို ပူတင်ခြေချခဲ့မယ်ဆိုရင် ဖမ်းဆီးပြီး လွှဲ ပြောင်းပေးဖို့ အမိန့်ပေးထားတယ်လို့လည်း သိရပါတယ်။ ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီးဌာနက 'နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ အမိန့်ကိုလိုက်နာတဲ့အနေနဲ့ ပူတင်ကို ဖမ်းဆီးပြီး လွှဲပြောင်းပေးဖို့ မွန်ဂိုလီးယားအာဏာပိုင်တွေကို ကျွန်တော်တို့တောင်းဆိုပါတယ်'လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် မွန်ဂိုလီးယားနိုင်ငံဟာ ICC အဖွဲ့ဝင်ဖြစ်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိလားဆိုတဲ့အချက်ကို ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက 'ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုံးဝစိတ်မပူပါဘူး။ မွန်ဂိုလီးယားနိုင်ငံနဲ့ ကျွန်တော်တို့ကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးတွေရှိပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးမြို့ရှိ ဧရာဝတီမြစ်ဆိပ်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ