ရှေ့တန်းတွင် အရေးနိမ့်မှုများနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက အနောက်နိုင်ငံများကို အပြစ်တင်
ALynn (NSS) - ဩဂုတ် ၃ဝ
ကိယက်ဗ်ကြုံတွေ့ခဲ့ရသော စစ်ရေးဆိုင်ရာ ဆုတ်ယုတ်မှုများအတွက် အနောက်နိုင်ငံမှာ အလှူရှင်များကို အပြစ်တင်သင့်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmitry Kuleba က အခိုင်အမာ ပြောကြားခဲ့သည်။
ဝန်ကြီးက အနောက်နိုင်ငံများအား ယူကရိန်းသို့ ဒုံးကျည်များ ပိုမိုထောက်ပံ့ပေးရန်နှင့် ရုရှားပိုင်နက်အတွင်း တာဝေးပစ်တိုက်ခိုက်မှုများအပေါ် ကန့်သတ်ချက် များကို ရုတ်သိမ်းရန် တိုက်တွန်းခဲ့သည်။ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက “ယူကရိန်းအတွက် လက်နက်အကွာအဝေးကို ကန့်သတ်ချက် မထားရှိသင့်ကြောင်း” တနင်္လာနေ့ (ဩဂုတ်လ ၂၆ ရက်) က ထပ်မံပြောကြားခဲ့ပြန်သည်။ သို့သော် ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက “ကျွန်ုပ်တို့၏ မူဝါဒကို မပြောင်းလဲသေး” ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ရုရှားမြေပေါ်တွင် ပြင်းထန်သော တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ကိယက်ဗ်အား အမေရိကန်မှ ထောက်ပံ့ပေးထားသော လက်နက်များကို အသုံးပြုခွင့်မပေးကြောင်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့တွင် အီးယူနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြုလုပ်ရာတွင် Kuleba က "ရုရှား၏ အောင်မြင်မှုသည် မိတ်ဖက်များ၏ ရဲရင့်သော ဆုံးဖြတ်ချက်များအပေါ်တွင်သာ မူတည် ကြောင်း” ပြောကြားခဲ့သည်။ Kuleba ၏အဆိုအရ ကိယက်ဗ်ည် ရုရှားနိုင်ငံအတွင်း “တရားဝင်စစ်ဘက်ဆိုင်ရာပစ်မှတ်များ” ကိုတိုက်ခိုက်ရန် အနောက်နိုင်ငံများ၏ခွင့်ပြုချက်ကို လိုလားပြီး ၎င်းအတွက် တာဝေးပစ်ဒုံးပျံများပိုမိုလိုအပ်မည်ဟုလည်း ပြောကြားခဲ့သည်။
အိမ်နီးချင်း ပိုလန်နိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ၎င်း၏ ခရီးစဉ်အတွင်း Kuleba က “ရုရှားကျူးကျော်မှု စတင်ချိန်မှစ၍ ယူကရိန်းတွင် ရင်ဆိုင်ရသည့် အကြီးမားဆုံး ပြဿနာမှာ တင်းမာမှုမြင့်မား လာမည်ကို စိုးရိမ်၍ မဟာမိတ်များ၏ ဆုံးဖြတ်ချက်ချရာတွင် နှောင့်နှေးခြင်း ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ “ရုရှားရဲ့ တုံ့ပြန်မှုကို မကြောက်ပါနဲ့၊ ကျွန်ုပ်တို့လိုအပ်တာကိုသာ ကူညီပေးပါ” ဟု ဝန်ကြီးက အနောက်နိုင်ငံများအနေဖြင့် ပံ့ပိုးကူညီမှုများကို ကန့်သတ်ထားခြင်းမရှိစေရန် ထပ်လောင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က ရုရှားနိုင်ငံအတွင်း နက်ရှိုင်းစွာ တိုက်ခိုက်မှုများကို ခွင့်ပြုခြင်း မပြုရန် အမေရိကန်၊ ယူကေနှင့် ကိယက်ဗ်၏ အခြားသော ကျောထောက်နောက်ခံများကို သတိပေးခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် "မီးနှင့်ကစားခြင်း" နှင့် တူညီသည်ဟု အလေးပေး ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်နဲ့စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်ကို တရုတ်စစ်ဘက်တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း