အက်ဖ် ၁၆ တိုက်လေယာဉ်များကို ပထမဆုံးအကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ဟု ယူကရိန်းသမ္မတပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၉
ယူကရိန်းသမ္မတဇီလန်စကီးက ၎င်းတို့ဟာ အမေရိကန်နိုင်ငံထုတ် အက်ဖ် ၁၆ အမျိုးအစားတိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းလေတပ်ဟာ ရုရှားရဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာအက်ဖ် ၁၆ တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ်အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းသမ္မတက အနောက်အုပ်စုနိုင်ငံတွေဟာ အက်ဖ် ၁၆ တိုက်လေယာဉ်တွေ ကူညီထောက်ပံ့ပေးထားပေမယ့် လက်ရှိအချိန်မှာ လုံလောက်မှုမရှိသေးဘူးလု့ိ ဆိုပါတယ်။ အမေရိကန်၊ ပြင်သစ်၊ ဒိန်းမတ်၊နယ်သာလန်၊ ဘယ်ဂျီယံ၊ကနေဒါ ၊ လူဇင်ဘတ်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီနဲ့ ရိုမေးနီးယားနိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ဟာ ယူကရိန်းကိုအက်ဖ် ၁၆ တိုက်လေယာဉ်များကူညီထောက်ပံ့ပေးမယ်လို့ ပြီးခဲ့တဲ့နှစ်တုန်းက ကတိပြုခဲ့ပါတယ်။
အနောက်အုပ်စုနိုင်ငံတွေဟာယူကရိန်းလေယာဉ်မှူးတွေကို အက်ဖ် ၁၆ တိုက်လေယာဉ်များအသုံးပြုတတ်စေဖို့ လေ့ကျင့်ပေးခဲ့ပြီးနောက် လွှဲပြောင်းပေးခဲ့သလိုလာမယ့်နှစ်ပိုင်းအတွင်း ယူကရိန်းကိုအက်ဖ် ၁၆ တိုက်လေယာဉ်တွေ ထပ်မံလွှဲပြောင်းပေးဖွယ်ရှိနေကြောင်းသိရပါတယ်။
ယူကရိန်းသမ္မတက " အက်ဖ် ၁၆ တိုက်လေယာဉ်တွေဟာ ရလဒ်ကောင်းတွေရရှိခဲ့တယ်။ အက်ဖ် ၁၆ တိုက်လေယာဉ်တွေရဲ့အကူညီတွေနဲ့ ရုရှားရဲ့ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေကို ပစ်ချနိုင်ခဲ့တယ်"လို့ ပြောပါတယ်။ ယူကရိန်းနဲ့ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ပွားနေမှုတွေဟာ ၂နှစ်ကျော်ကြာခဲ့ပေမယ့်အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးဘဲတိုက်ခိုက်နေဆဲဖြစ်ရာ အမေရိကန် အပါအဝင်အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို စစ်လက်နက် ပစ္စည်းတွေ ကူညီထောက်ပံ့ပေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသ နှင့် တောင်ပိုင်းဒေသများတွင် မိုးအနည်းငယ်ပိုနိုင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ