ပြည်သူ့ပင်စင်ရန်ပုံငွေကို အရေးပေါ်ပြုပြင်ပြောင်းလဲရန်အတွက် အမေရိကန်ဒေါ်လာ (၈၃၀) ဘီလျံလိုအပ်ကြောင်း တောင်ကိုရီးယားသမ္မတယွန် ပြောကြား
ALynn (NSS) - ဩဂုတ် ၂၉
တောင်ကိုရီးယားသမ္မတ ယွန်ဆုတ်ယိုက သက်ကြီးရွယ်အိုများအတွက် ဝင်ငွေဖူလုံစေရန်နှင့် ပိုမိုလိုက်လျောညီထွေမှုရှိသည့် အရေးပေါ်ပြုပြင်ပြောင်းလဲရန် ကမ္ဘာ့အကြီးဆုံး ဒေါ်လာ (၈၃၀) ဘီလျံရှိသည့် နိုင်ငံပင်စင်ရန်ပုံငွေကို လိုအပ်ကြောင်း ကြာသပတေးနေ့ (သြဂုတ် ၂၉ ရက်) တွင် ပြောကြားခဲ့သည်။ မျိုးဆက်များတစ်လျှောက် ပင်စင်စနစ်အပေါ် ယုံကြည်မှု ဆုံးရှုံးခဲ့ရပြီး အငြိမ်းစားသမားများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် အခြေခံကျပြီး ရေရှည်တည်တံ့သော ပြုပြင်ပြောင်းလဲမှုကို လိုအပ်ကြောင်း Yoon က ရုပ်မြင်သံကြား ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယွန်က ရန်ပုံငွေ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ထည့်ဝင်ကြေးကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ တိုးပေးမည့်နှုန်းထားကိုလည်း ပိုမိုမျှတစေရန်အတွက် အသက်အုပ်စုများကြား ခွဲခြားသတ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။ “သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို သံသယဖြစ်စေတဲ့ ပင်စင်စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲရမယ်”ဟု ၎င်းက ဆိုသည်။
၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ပိုင်ဆိုင်မှုဝမ် ၁,၁၁၃ ဒသမ ၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၈၃၃ ဒသမ ၉၈ ဘီလျံ) ရှိသည့် က မ္ဘာ့တတိယအကြီးဆုံး တောင်ကိုးရီးယား၏ ပြည်သူ့ပင်စင်ရန်ပုံငွေသည် ၂၀၅၅ ခုနှစ်တွင် ကုန်ဆုံးသွားမည်ဟု သတ်မှတ်ထားသော်လည်း ယခုအခါ ၂ဝ၄၁ ခုနှစ်မှစ၍ အလျင်အမြန် ကုန်ဆုံးသွားမည်ဟု မျှော်လင့်ရသည်။
ပင်စင်အစီအစဉ်တွင် လုပ်ခလစာရရှိသူများနှင့် လုပ်ငန်းပိုင်ရှင်များသည် ဝင်ငွေ၏ ၉ ရာခိုင်နှုန်းကို ထည့်ဝင်ပေးရမည်ဖြစ်သည်။ အမေရိကန်တွင် ၁၀ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျပန်တွင် ၁၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် OECD အဖွဲ့ဝင်များအတွက်မူ ပျမ်းမျှ ၁၅ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း နှိုင်းယှဉ် သုံးသပ်ရသည်။
ပျမ်းမျှပေးချေမှုမှာ ပျမ်းမျှလစာ၏ ၃၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး OECD ၏ ပျမ်းမျှ ၅၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက တောင်ကိုရီးယား၏ သက်ကြီးရွယ်အိုများသည် OECD စီးပွားရေး အသိုက်အဝန်းတွင် အဆင်းရဲဆုံးများထဲတွင် ပါဝင်သည်။
ပင်စင်စနစ်ကို ပြုပြင်ပြောင်းလဲခြင်းသည် တောင်ကိုရီးယား သမ္မတတိုင်း၏ မူဝါဒပန်းတိုင် တစ်ခု ဖြစ်ခဲ့သော်လည်း အဆိုပါ ပြဿနာကို မည်သို့ချဉ်း ကပ်ရမည်နှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများကြောင့် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ယွန်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးနေပြီး လတ်တလောတွင် ကျေးလက်ဒေသများ၌ မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာ စောင့်ရှောက် မှုများကို မြှင့်တင်ဖို့ အာရုံစိုက်နေတယ်ဟု ဆိုသည်။ ယင်းဒေသများတွင် ဝန်ဆောင်မှုများ တိုးတက်စေရန် ငါးနှစ်အတွင်း ဝမ် ၁၀ ထရီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ ယွန်း၏ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် သမားတော်များ ရှားပါးမှုကို ဖြေရှင်းရန် နှစ်စဉ် ဆေးကျောင်းသားဦးရေ တိုးပေးမည့် ၎င်း၏ အစီအစဉ်ကို ဆရာဝန်များက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာတစ်ဝန်းအထိပေါက်သွားခဲ့တဲ့ ထိုင်းဒရမ်မာဇာတ်ကား ‘How to Make Millions Before Grandma Dies’
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ