BLACKPINK ရဲ့ WHISTLE သီချင်းက YouTube မှာကြည့်ရှုသူသန်း(၉၀၀) ကျော်ခဲ့တဲ့ ၎င်းတို့ရဲ့(၈)ပုဒ်မြောက်သီချင်းဖြစ်လာ
Pika (NSS) - ဩဂုတ် ၂၉
တောင်ကိုရီးယားနာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ Whistle သီချင်းသည် YouTube တွင် ကြည့်ရှုသူသန်း(၉၀၀)ကျော်ထိရှိခဲ့သည့် ၎င်းတို့၏(၈)ပုဒ်မြောက်သီချင်းဖြစ်လာခဲ့ကြောင်းသိရသည်။
ကြည့်ရှုသူသန်း(၉၀၀)ကျော်ထိရှိခဲ့သည့် BLACKPINK အဖွဲ့၏ အခြားသီချင်း(၇)ပုဒ်မှာ “DDU-DU DDU-DU”၊ “Kill This Love”၊ “Boombayah”၊ “As If It’s Your Last”၊ “How You Like That”၊ "How You Like That Dance Practice" နှင့် “Ice Cream” သီချင်းတို့ဖြစ်ကြောင်းသိရသည်။ထို့ပြင် BLACKPINK အဖွဲ့ဝင်လီဆာ၏ "Money" သီချင်းသည် YouTube တွင် ကြည့်ရှုသူသန်း(၉၀၀)ကျော်ခဲ့ပြီး အခြားအဖွဲ့ဝင်ဖြစ်သော ဂျင်းနီ၏ "Solo"သီချင်းသည်လည်း ကြည့်ရှုသူသန်း(၉၀၀)ကျော်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း BLACKPINK သည် Spotify ပလက်ဖောင်းတွင် ဖော်လိုဝါသန်း(၅၀)ကျော်ထိ ရောက်ရှိခဲ့သော ပထမဆုံးအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်ခဲ့ကြောင်းသိရသည်။ အဖွဲ့ခေတ္တရပ်ဆိုင်းထားသည်မှာ အချိန်(၂)နှစ်နီးပါရှိပြီးဖြစ်သော်လည်း BLACKPINK အဖွဲ့သည် ဂီတနယ်ပယ်တွင် ထင်ရှားသောအောင်မြင်ကျော်ကြားမှုများကို ဆက်လက်ရယူနေဆဲဖြစ်သည်။ Spotify တွင် ဖော်လိုဝါသန်း(၅၀)ကျော်ခဲ့သော အခြားအမျိုး သမီးအဆိုတော်များမှာ တေလာဆွစ်ဖ်၊ အရီနာဂရန်ဒီ၊ ဘီလီအဲလစ်ရှ်၊ ရီဟားနား၊ အက်ဒလဲ နှင့် ဆလီနာဂိုးမက်ဇ်တို့ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် BLACKPINK အဖွဲ့ဝင်များဖြစ်သော လီဆာ၊ ဂျီဆိုး၊ Rose နှင့် ဂျင်းနီတို့သည် တစ်ကိုယ်တော်ခရီးများကို စတင်နေကြပြီး အောင်မြင်မှုအသီးသီးကို ဆက်လက်ရယူနေဆဲဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ် လုပ်လိုသူများလာပြီး ဗဟုသုတနည်းပါးသူများသည် Online အသုံးပြုလိမ်လည်သူများအတွက် သားကောင် ဖြစ်လာနေ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ