တယ်လီဂရမ်အပ်ပ်တည်ထောင်သူ ရုရှားနိုင်ငံသားပါဗယ်ဒူရော့ဗ်ကို ပြန်လွှတ်ပေးဖို့ ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်တောင်းဆို
Pika (NSS) - ဩဂုတ် ၂၆
ပြင်သစ်နိုင်ငံမှာဖမ်းဆီးခံခဲ့ရတဲ့ တယ်လီဂရမ်အပ်ပ်တည်ထောင်သူ ရုရှားနိုင်ငံသားပါဗယ်ဒူရော့ဗ်ကို ပြန်လွှတ်ပေးဖို့ ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်က တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ပါဗယ်ဒူရော့ဗ်ကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အကြောင်းပြချက်ပေးဖို့ ပြင်သစ်အာဏာပိုင်တွေကို ပြင်သစ်မှာရှိတဲ့ ရုရှားသံရုံးကလည်း တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ရုရှားအစိုးရအနေနဲ့ ပါဗယ်ဒူရော့ဗ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ပြင်သစ်အစိုးရကို တောင်းဆိုသင့်တယ်လို့ ရုရှားထိပ်တန်းလွှတ်တော်အမတ် Vladislav Davankov ကလည်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ ပါဗယ်ဒူရော့ဗ်ကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံကို ဖိအားပေးသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာရီယာဇာခါရိုဗာက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ပါဗယ်ဒူရော့ဗ်ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ရောက်ရှိလာပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပါဗယ်ဒူရော့ဗ်ဟာ အဇာဘိုင်ဂျန်နိုင်ငံကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ၎င်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၎င်းနဲ့အတူ အမျိုးသမီးတစ်ဦးနဲ့ သက်တော်စောင့်တစ်ဦးတို့လည်း လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံပိုင်ရုပ်သံလိုင်း LCI ရဲ့အဆိုအရ ပြင်သစ်အာဏာပိုင်တွေဟာ အစောပိုင်းစုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဗယ်ဒူရော့ဗ်ကို ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရုရှားလူ့အခွင့်အရေးအဖွဲ့အရာရှိ Tatyana Moskalkova က'ပါဗယ်ဒူရော့ဗ်ကို ဖမ်းဆီးမှုရဲ့ နောက်ကွယ်ကအဓိကအကြောင်းအရင်းက ကမ္ဘာ့အရေးနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ တယ်လီဂရမ်အပ်ပ်ကို ပိတ်ပစ်ဖို့ ကြိုးပမ်းတာမျိုးဖြစ်ပါတယ်။ ပါဗယ်ဒူရော့ဗ်ကို ဖမ်းဆီးတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဝင်ရိုးစုံကမ္ဘာဖန်တီးမှုကို ထောက်ခံတဲ့သူတွေအတွက်တော့ စိတ်တိုစရာကိစ္စတစ်ခုပဲဖြစ်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားသံရုံးက 'ပါဗယ်ဒူရော့ဗ်ဖမ်းဆီးခံရတာကို သိသိချင်းမှာပဲ ကျွန်တော်တို့ ပြင်သစ်အာဏာပိုင်တွေကို ချက်ချင်းဆက်သွယ်ခဲ့ပြီး ဖမ်းဆီးရတဲ့အကြောင်းအရင်းကို ရှင်းပြချက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ပြီးတော့ ပါဗယ်ဒူရော့ဗ်ရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့နဲ့ သူ့အတွက် ကောင်စစ်ဝန်ရုံးအကူအညီတွေ ဝင်ရောက်ခွင့်ပေးဖို့လည်း ပြင်သစ်အာဏာပိုင်တွေကို ကျွန်တော်တို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ပြင်သစ်ဘက်က ပြန်လည်တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ကို ပြင်သစ်ဘက်က ရှောင်နေခဲ့ပါတယ်'လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကလက်ထက်တွင် သယံဇာတပစ္စည်းများထက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ပိုမိုတင်ပို့ခဲ့ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ