အရာဝတ္ထုတွေကို အမည်ဖော်ထုတ်ပြနိုင်တဲ့ TikTok နာမည်ကြီး ကြက်တူရွေးလေး
Pika (NSS) - ဩဂုတ် ၂၄
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ TikTok နာမည်ကြီးကြက်တူရွေးတစ်ကောင်သည် အရာဝတ္ထုပစ္စည်း (၁၂)ခုကို အချိန်(၃)မိနစ်အတွင်း အောင်မြင်စွာဖော်ထုတ်ပြနိုင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
Dalton နှင့် Victoria "Tori" Mason တို့ပိုင်ဆိုင်သည့် အသက်(၄)နှစ်အရွယ် အာဖရိက မီးခိုးရောင်ကြက်တူရွေးအပိုလိုသည် ပိုးကောင်၊ စာအုပ်တစ်အုပ်နှင့် ခြေအိတ်များအပါအဝင် အခြားအရာဝတ္ထုပစ္စည်းများ၏ အမည်များကို ဖော်ထုတ်ပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အပိုလိုကို လေ့ကျင့်ပေးမှုများလုပ်ဆောင်ရန်အတွက် အဲလက်စ်အမည်ရှိ ကြက်တူရွေးနှင့် နှစ်(၃၀)ကြာအတူရှိခဲ့သော တိရိစ္ဆာန်စိတ်ပညာရှင် Irene Pepperberg က ပုံဖော်ခဲ့သော နည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း Masons ကပြောကြားခဲ့သည်။
Masons က ‘‘အပိုလိုက ပထမဆုံးအရာ ဝတ္ထုတံဆိပ်တွေ၊ အရောင်တွေနဲ့ ပစ္စည်းတွေကို စတင်လေ့လာပြီးတဲ့နောက်မှာတော့ ကြက်တူရွေး အဲလက်စ်လုပ်ခဲ့တဲ့ မယုံနိုင်လောက်စရာအရာတွေ အများကြီးကို အပိုလိုလုပ်နိုင်မယ်ဆိုတာ ကျွန်တော် တို့သိခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။ အပိုလိုသည် ဆိုရှယ်မီဒီယာကြယ်ပွင့်ကြက်တူရွေးတစ်ကောင်ဖြစ်ပြီး TikTok တွင် ဖော်လိုဝါ (၂ ဒသမ ၈)သန်းရှိကာ YouTube တွင် ဖော်လိုဝါ (၁ ဒသမ ၃၇)သန်းရှိကြောင်း သိရသည်။
ထို့ပြင် ငှက်များသည် တိရစ္ဆာန်များအတွက် သံတမန်ဖြစ်ကြောင်း Masons ကပြော ကြားခဲ့သည်။ ၎င်းတို့က ‘‘ကျွန်တော်တို့ရဲ့ တာဝန်ကတော့ တိရစ္ဆာန်တွေမှာတွေ့ရတဲ့ သဘာဝဉာဏ်ရည်ဉာဏ်သွေးကို ဖြန့်ဝေပေးနိုင်ဖို့ပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PV သမားတွေနဲ့ လေဆိပ်ကပြဿနာ၊ " ဝ " - ကိုးကန့် ပလောင်တွေကို ကားလက်မှတ် မရောင်းဘူးဆိုတာ ဟုတ်သလား၊ KTLA ဒုတပ်ခွဲမှူးတစ်ဦး ထိုင်းမှာ ရဲဒင်းနဲ့ ခုတ်သတ်ခံရ၊ မိုင်းလား ဦးစိုင်းလင်းရဲ့စျာပန (၂၃-၈-၂ဝ၂၄)
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ