တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲပြီးချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၁၉
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အဖွဲ့ခေါင်းဆောင် မိုဟမ်မက်ယူနွတ်က တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်၊ တရားရေးဌာန၊ အရပ်သားအုပ်ချုပ်ရေးဌာန၊ လုံခြုံရေးနဲ့ မီဒီယာအဖွဲ့စည်းတွေကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးသွားမယ်လို့ ယူနွတ်က ထပ်မံပြောဆိုခဲ့ပါတယ်။ ၎င်းက "ရွေး ကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး အဓိက ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပိုင်ခွင့်အတိုင်းလုပ်ဆောင်သွားမယ်ဆိုရင် လွတ်လပ်မျှတတဲ့ရွေး ကောက်ပွဲကို ကျင်းပနိုင်ဖွယ်ရှိနေပါတယ်။ တရားရေးစနစ်၊ လုံခြုံရေးအဖွဲ့တွေ၊ မီဒီယာတွေ နဲ့ အရပ်သား အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း ပြင်ဆင်ပြောင်းလဲမှုတွေလုပ်ဆောင်ရမယ်"လို့ ပြောပါတယ်။
ယူနွတ်က "စီမံခန့်ခွဲမှုအမှားတွေ၊ အကျင့်ပျက်တိုက်စားမှုတွေ တိုက်ဖျက်ရေးတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဦးစားပေးလုပ်ကိုင်နိုင်ဖို့ နဲ့ မိုက်ခရို စီးပွားရေး တည်ငြိမ်ရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ရမယ်"လို့ ပြောပါတယ်။ ယူနွတ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ အချိန်တိုကာလအတွင်းမှာပဲ ပုံမှန်အတိုင်းပြန်ဖြစ်လာဖို့ နီးစပ်နေကြောင်းပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇူလိုင်လအတွင်း တက္ကသိုလ်ကျောင်း သားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ ရာထူးကနုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်က နိုင်ငံကို ထိန်းသိမ်းခဲ့ပြီး သမ္မတနဲ့တိုင်ပင်ကာ ဆန္ဒပြကျောင်းသားတွေတောင်းဆိုချက်အတိုင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်ကို နိုင်ငံယာယီအစိုးရအဖွဲ့မှာ ဦးဆောင်ဖို့ ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်မှ (၃)ရက်ခန့်ပျောက်ဆုံးသွားသော သက်လတ်ပိုင်းအရွယ် အမျိုး သမီးကို ရေကန်အတွင်း သေဆုံးလျက်အနေအထားဖြင့် ပြန်လည်တွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ