ရန်ကုန်မြို့ရှိ တိုက်ခန်းတစ်ခုတွင် အဖွားအိုတစ်ဦးတည်းရှိနေစဉ် လူ(၂)ဦးမှဝင်ရောက် ထိုးကြိတ်လုယက်မှုဖြစ်ပွာခဲ့ပြီး ကျူးလွန်သူတစ်ဦးကို ဖမ်းမိ
သန့်ဇင် (NSS) - ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် အဖွားအိုတစ်ဦးတည်းရှိနေစဉ် လူ(၂)ဦးမှဝင်ရောက် ထိုးကြိတ်လုယက်မှု ဖြစ်ပွာခဲ့ပြီး ကျူးလွန်သူ တစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့(MMRO)ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၁၈ ရက်)၊ ညပိုင်းက တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ ၁၆၆ လမ်းရှိ အထပ်မြင့်တိုက်(၄)လွှာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခန်းအတွင်း၌ အဖွားအိုတစ်ဦးတည်းရှိနေစဉ် အမျိုးသား (၂)ဦးက ဝင်ရောက်လာပြီး ထိုးကြိတ်ခြင်း၊ လည်ပင်းညှစ်ခြင်းနှင့် မျက်နှာအား ခေါင်းအုံးဖြင့် ဖိခြင်းစသော ညှင်းပန်းနှိပ်စက်ခြင်းများပြုခဲ့ကြောင်း အထက်ပါ ပရဟိအဖွဲ့၏ လူမှုကွန်ယက် စာမျက်နှာထက်တွင် ဖော်ပြရေးသားထားချက်အရ သိရသည်။
ထို့နောက် အဆိုပါအထပ်မြင့်တိုက်(၈)လွှာတွင်နေထိုင်သည့် အဖွားအို၏ သမီးဖြစ်သူ ရောက်ရှိလာပြီးနောက် တိုက်ခန်းတံခါးကို ဖွင့်မရသဖြင့် အခြားသောတိုက်ခန်းနေထိုင်သူများအား အကူအညီတောင်းခံကာ တံခါးအား ဖျက်ဆီးဝင်ရောက်ရာမှ လုယက်သူ အမျိုးသား(၂)ဦးမှာ ပြတင်းပေါက်မှခုန်ချထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ရပ်ကွက်တွင်းနေထိုင်သူများနှင့် ပတ်ဝန်းကျင်မှတာဝန်သိပြည်သူများက လိုက်လံဖမ်းဆီးပေးခဲ့ရာ လုယက်သူ(၂)ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိနိုင်ခဲ့ပြီး တစ်ဦးမှာ ရွှေထည်နှင့် ငွေကြေးအချို့အားယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အဖွားအိုကို မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO)က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ကျူးလွန်သူအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲပြီးချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း