နစက၏ ထိပ်ပိုင်းတပ်မတော်အရာရှိအချို့ကို ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေး
မြူနစ် (NSS) - ဩဂုတ် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထိပ်ပိုင်း တပ်မတော်အရာရှိအချို့ကို ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နစကတွင် အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကို ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်သကဲ့သို့ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုလည်း ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
အလားတူ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံပေးနှင့် နစကအဖွဲ့ဝင် တာဝန် များကို ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောကိုလည်း ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
“ ဒီနေ့မှပဲ သတင်းက ထွက်တာပေါ့။ ဗိုလ်ချုပ်ကြီး ရာထူးတိုးပေးတာမှန်တယ် (၃)ဦးတည်း။ သူ့ရဲ့ order မှာတော့ အသေးစိတ်ပါမှာပေါ့။ ဘယ်နေ့က စပြီးတော့ ရာထူးတိုးတယ်ဆိုတာ။ တပ်မတော်မှာ ဖွဲ့စည်းပုံအရ နေရာလွတ်တွေရှိလို့ တိုးပေးတာ ဖြစ်နိုင်တယ်” ဟု နစကအစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါသတင်းအချက်အလက်နှင့်ပတ်သက်၍ ထပ်မံအတည်ပြုရန်အတွက် နစကသတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို NSS က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်မည့်သူမှာ စုစုပေါင်း (၆)ဦးအထိ ရှိလာမည်ဖြစ်သည်။ ၎င်းတို့မှာ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ညိုစောတို့ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးရာထူးများမတိုးမီ ရက်ပိုင်းအတွင်းကလည်း အဆိုပါပုဂ္ဂိုလ်သုံးဦးကဦးဆောင်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တန်ပြန်အာဏာသိမ်းခဲ့သည်ဟု ပြည်ပြေးသတင်းဌာနများနှင့် လောက်ကောင်စစ်ပြေးအချို့က သတင်းအဆိပ်ခတ်ဝါဒဖြန့်ခဲ့ကြသေးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ တိုက်ခန်းတစ်ခုတွင် အဖွားအိုတစ်ဦးတည်းရှိနေစဉ် လူ(၂)ဦးမှဝင်ရောက် ထိုးကြိတ်လုယက်မှုဖြစ်ပွာခဲ့ပြီး ကျူးလွန်သူတစ်ဦးကို ဖမ်းမိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း