သမိုင်းဝင်လုံခြုံရေး၊ စစ်ရေးသဘောတူညီချက်ကို တူရကီနဲ့အီရတ်တို့ လက်မှတ်ရေးထိုး
Pika (NSS) - ဩဂုတ် ၁၇
တူရကီနှင့်အီရတ်နိုင်ငံတို့၏ ကာကွယ်ရေးဝန်ကြီးများသည် လုံခြုံရေး၊ စစ်ရေး နှင့် အကြမ်းဖက်မှုတုံ့ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံကြားဆက်ဆံရေးတွင် သိသာထင်ရှားသော တိုးတက်မှုကို အသိအမှတ်ပြုခဲ့ကြကြောင်းသိရသည်။
တူရကီ နှင့် အီရတ်တို့၏ ကာကွယ်ရေးဝန်ကြီးများသည် အဆိုပါနားလည်မှုစာချွန်လွှာကို ဩဂုတ်လ(၁၆)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။အဆိုပါနားလည်မှုစာချွန်လွှာကို Türkiye-Iraq High-Level Security Mechanism (၄)ကြိမ်မြောက်အစည်းအဝေးအပြီးတွင် တူရကီနိုင်ငံ အန်ကာရာမြို့၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ တူရကီနှင့် အီရတ်တို့သည် ၎င်းတို့၏ခေါင်းဆောင်များ၏ ဆန္ဒကိုဖြည့်ဆည်းရန်အတွက် သိသာထင်ရှားသော တိုးတက်မှုများကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။
အဆိုပါလက်မှတ်ရေးထိုးမှုသည် အီရတ်ရှိ အကြမ်းဖက်အဖွဲ့ PKK ၏ အကြောင်းကို ပိုမိုသိရှိလာစေမည်ဖြစ်ကြောင်း ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။ တူရကီနှင့်အီရတ်တို့သည် ယင်းနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရန်အတွက် အချိန်အတော်ကြာဆွေးနွေးခဲ့ရကြောင်းလည်း သိရသည်။ တူရကီ နှင့် အီရတ်တို့ကြား လက်မှတ်ရေးထိုးခဲ့သော အဆိုပါနား လည်မှုစာချွန်လွှာသည် နှစ်နိုင်ငံသမိုင်းတွင် ပထမဆုံးဖြစ်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီးဖူဟတ်ဟူစိန်က ပြောကြားခဲ့သည်။ အကြမ်းဖက်အဖွဲ့ PKK သည် အီရတ်တွင် တားမြစ်ပိတ်ပင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အကြမ်းဖက်မှုများက အီရတ်လူ့အဖွဲ့အစည်းကိုလည်း ခြိမ်းခြောက်နေကြောင်း ဖူဟတ်ဟူစိန်က ပြောကြားခဲ့သည်။
ထို့ပြင် တူရကီ နှင့် အီရတ်တို့သည် ဘဂ္ဂဒတ်မြို့တွင် ပူးတွဲလုံခြုံရေးညှိနှိုင်းဆောင်ရွက်မှုစင်တာတစ်ခု နှင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရန်အတွက် မြို့ပြဧရိယာဘာရှီကာတွင် ပူးတွဲလေ့ကျင့်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှုစင်တာတစ်ခုကို တည်ထောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါစင်တာများအားလုံးသည် အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်စေနိုင်မည်ဖြစ်ကြောင်း တူရကီသံတမန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ထို့ပြင် ဂါဇာအရေးနှင့်ပတ်သက်ပြီး တူရကီနှင့်အီရတ်တို့တွင် အပြည့်အဝသဘောတူညီချက်များရှိကြောင်းလည်း ဟာကန်ဖီဒန်ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျာမနီနိုင်ငံကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် (၆၀၀) ရောင်းချပေးမည်ဟု အမေရိကန်စစ်တပ် အတည်ပြု
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း