ရုရှားနိုင်ငံနှင့် ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းကျယ်ပြန့်လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိပြော
Pika (NP News) - ဒီဇင်ဘာ ၂၅
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ကာကွယ် ပြောဆိုခဲ့ပြီး ရုရှားနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးများသည် လာမည့်နှစ်တွင် ပိုမိုနက်ရှိုင်းကျယ်ပြန့်လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးများ ယိုယွင်း လာမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အမေရိကန်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်း၏ မှားယွင်းသောမူဝါဒများကို တရုတ်ဖက်က ပြတ်ပြတ်သားသားငြင်းပယ်ကြောင်း ပြောဆိုခဲ့သည်။
ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချရန်နှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ တွင် ပါဝင်ရန် တရုတ်က ငြင်းပယ်ခဲ့သည့်အတွက် ဆက်ဆံရေးများ ပိုမိုဆိုးရွားလာခဲ့ပြီး ဥရောပနိုင်ငံများနှင့် သဘောထားကွဲလွဲမှုများ ရှိလာခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ နှင့် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုများ ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ က ပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှားနှင့် တရုတ်တို့သည် ပူးပေါင်းဆောင်ရွက်မှု များရှိနေကြောင်း တရုတ်နိုင်ငံ၏ စီးပွားရေးအနာဂတ်သည် အမေရိကန်၊ ဥရောပစျေးကွက်များ၊ နည်းပညာများနှင့် ဆက်စပ်နေသေးကြောင်းသိရသည်။
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် တရုတ်စက်မှုလုပ်ငန်းများကို မိမိဘာသာရပ်တည်နိုင်ရန် တွန်းအားပေးလုပ် ဆောင်နေသော်လည်း အချက်အလက်များအရ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံလုံးသည် ထောက်ပံ့ရေး ကွင်းဆက် များကိုဖြတ်တောက်ပြီး မိမိဘာသာရပ်တည်ရန် မဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို ၎င်း၏အဓိကပြိုင်ဖက်အဖြစ် ဆက်လက်ရှုမြင်နေပြီး တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းများ၊ရန်စခြင်းများ ပြုလုပ်နေသော်လည်း အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်စေမည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် အကောင်းဆုံးကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောကြားခဲ့သည်။
Zawgyi Version;
႐ုရွားႏိုင္ငံႏွင့္ ဆက္ဆံေရးသည္ ပိုမိုနက္ရႈိင္းက်ယ္ျပန႔္လာမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိ ေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၅
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိသည္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံ၏ရပ္တည္ခ်က္ကို ကာကြယ္ ေျပာဆိုခဲ့ၿပီး ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးမ်ားသည္ လာမည့္ႏွစ္တြင္ ပိုမိုနက္ရႈိင္းက်ယ္ျပန႔္လာမည္ျဖစ္ ေၾကာင္း ေျပာဆိုခဲ့သည္။
ကမာၻ႔စီးပြားေရးအင္အားအႀကီးဆုံး ႏွစ္ႏိုင္ငံျဖစ္သည့္ အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးမ်ား ယိုယြင္း လာမႈႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိသည္ အေမရိကန္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ၎၏ မွားယြင္း ေသာမူဝါဒမ်ားကို တ႐ုတ္ဖက္က ျပတ္ျပတ္သားသားျငင္းပယ္ေၾကာင္း ေျပာဆိုခဲ့သည္။
ယူကရိန္းအေပၚ ႐ုရွား၏က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို ျပစ္တင္ရႈတ္ခ်ရန္ႏွင့္ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား တြင္ ပါဝင္ရန္ တ႐ုတ္က ျငင္းပယ္ခဲ့သည့္အတြက္ ဆက္ဆံေရးမ်ား ပိုမိုဆိုး႐ြားလာခဲ့ၿပီး ဥေရာပႏိုင္ငံမ်ားႏွင့္ သေဘာထားကြဲလြဲမႈမ်ား ရွိလာခဲ့ေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံ ႏွင့္ အျပန္အလွန္ယုံၾကည္မႈ၊ အျပန္အလွန္အက်ိဳးရွိေသာ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား ကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ က ေျပာၾကားခဲ့သည္။ အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားရွိေနေသာ္လည္း ႐ုရွားႏွင့္ တ႐ုတ္တို႔သည္ ပူးေပါင္းေဆာင္႐ြက္မႈ မ်ားရွိေနေၾကာင္း တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးအနာဂတ္သည္ အေမရိကန္၊ ဥေရာပေစ်းကြက္မ်ား၊ နည္းပညာမ်ားႏွင့္ ဆက္စပ္ေနေသးေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံ သမၼတရွီက်င့္ဖ်င္သည္ တ႐ုတ္စက္မႈလုပ္ငန္းမ်ားကို မိမိဘာသာရပ္တည္ႏိုင္ရန္ တြန္းအားေပးလုပ္ ေဆာင္ေနေသာ္လည္း အခ်က္အလက္မ်ားအရ တ႐ုတ္ႏွင့္ အေမရိကန္ႏွစ္ႏိုင္ငံလုံးသည္ ေထာက္ပံ့ေရး ကြင္းဆက္ မ်ားကိုျဖတ္ေတာက္ၿပီး မိမိဘာသာရပ္တည္ရန္ မျဖစ္ႏိုင္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ က ေျပာၾကားခဲ့သည္။
အေမရိကန္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံကို ၎၏အဓိကၿပိဳင္ဖက္အျဖစ္ ဆက္လက္ရႈျမင္ေနၿပီး တ႐ုတ္ႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူျခင္းမ်ား၊ရန္စျခင္းမ်ား ျပဳလုပ္ေနေသာ္လည္း အေမရိကန္ႏိုင္ငံႏွင့္ ဆက္ဆံေရးကို ျပန္လည္ ေကာင္းမြန္ေစမည့္လမ္းေၾကာင္းေပၚသို႔ ေရာက္ရွိရန္ အေကာင္းဆုံးႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက ေျပာၾကားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Clean Coal Energy ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပါက စက်မှုဇုန်များအတွက် လိုအပ်သော ဓာတ်အားကို အမြန်ဆုံးရရှိနိုင်မည်ဟုဆို
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း