ထွက်ပေါ်နေသော သတင်းများမှာ မဟုတ်မှန်ပဲ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိဟု နစက တုံ့ပြန်
သုတကျော် (NSS) - ဩဂုတ် ၁၄
နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက် ရှိကြောင်း ဩဂုတ်လ ၁၃ ရက် ညပိုင်းက ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောကြားထားသည်။
အာဏာသိမ်းလိုက်ပြီဆိုသော ကောလာဟလသတင်းများ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဩဂုတ်လ ၁၃ ရက် ညပိုင်းမှ စတင်ထွက်ပေါ်ခဲ့ခြင်းဖြစ်ကာ အင်တာနက် အသုံးပြုသူများအကြား ဆက်လက် ပြန့်နှံ့သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ် သက်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း ရေးသားထားသည်။
“လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ Captain Seagull facebook အကောင့်ကနေစပြီး ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဲဒီကနေတစ်ဆင့် ပြည်တွင်း၊ပြည်ပလောက်ကောင်များရဲ့ facebook အကောင့်အတု တွေအပြင် ပြည်ဖျက်မီဒီယာအချို့ကနေ ပြည်သူလူထုစိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု ရှင်းလင်းရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသူများကို ပစ်မှတ်ထားကာ လိမ်လည်မှုများရှိနေသည့်အတွက် အချို့မှာ တစ်ပူပေါ်နှစ်ပူဆင့်နေရ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း