မန္တလေးတိုင်းအတွင်းရှိ PDF အဖွဲ့ဝင် (၈)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း နစက ထုတ်ပြန်
Pearl (NP News) - ဧပြီ ၅
မန္တလေးတိုင်းအတွင်းရှိ PDF အဖွဲ့ဝင် (၈)ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကမှ ဧပြီလ(၄)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းတို့အား ယမန်နေ့ (ဧပြီလ ၄ ရက်)၊ နေ့လည်ပိုင်းတွင် မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့နယ်၊ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသူများသည် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိခြင်းကြောင့် ဝန်ခံကတိလက် မှတ်ရေးထိုးကာ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများသည် မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပုသိမ် ကြီးမြို့နယ်နှင့် သာစည်မြို့နယ်များအတွင်းရှိ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
နစကမှ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့မှ အဖွဲ့ဝင်များအနေဖြင့် ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက လက်ခံသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
zawgyi version
မႏၲေလးတိုင္းအတြင္းရွိ PDF အဖြဲ႕ဝင္ (၈)ဦး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာေၾကာင္း နစက ထုတ္ျပန္
Pearl (NP News) - ဧၿပီ ၅
မႏၲေလးတိုင္းအတြင္းရွိ PDF အဖြဲ႕ဝင္ (၈)ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ လာခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။
နစကမွ ဧၿပီလ(၄)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
၎တို႔အား ယမန္ေန႔ (ဧၿပီလ ၄ ရက္)၊ ေန႔လည္ပိုင္းတြင္ မႏၲေလးတိုင္း ၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ နယ္ေျမခံသင္တန္းေက်ာင္းခန္းမ၌ ျပန္လည္ႀကိဳဆိုလက္ခံျခင္းျဖစ္သည္။
ျပန္လည္ဝင္ေရာက္လာသူမ်ားသည္ ျပစ္မႈက်ဴးလြန္ခဲ့ျခင္းမရွိျခင္းေၾကာင့္ ဝန္ခံကတိလက္ မွတ္ေရးထိုးကာ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာသူမ်ားသည္ မႏၲေလးတိုင္း ေအာင္ေျမသာစံၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ပုသိမ္ ႀကီးၿမိဳ႕နယ္ႏွင့္ သာစည္ၿမိဳ႕နယ္မ်ားအတြင္းရွိ PDF အဖြဲ႕ဝင္ အမ်ိဳးသား ၅ ဦးႏွင့္ အမ်ိဳးသမီး ၃ ဦးတို႔ျဖစ္ေၾကာင္း သိရသည္။
နစကမွ PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးတို႔မွ အဖြဲ႕ဝင္မ်ားအေနျဖင့္ ဥပေဒေဘာင္အတြင္းသို႔ လက္နက္အပ္ႏွံၿပီး ျပန္လည္ဝင္ေရာက္မည္ဆိုပါက လက္ခံသြားမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ထားခဲ့ၿပီးျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံဃာတစ်ပါး နှစ်ထပ်ကျောင်းဆောင်ပေါ်မှခုန်ချမှု မုဒုံမြို့တွင်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း